အခန်း(၃၀၃) မိုရှစ်ယွင် Role ဆုံးရှုံးပြီ (၁)
မိုရှစ်ယွင် လူရွေးပွဲတွင် အောင်မြင်ခဲ့သည်။ သူမ၏ Role သစ်ကို ရရှိခဲ့ပါသည်။
Web ဒရမ်မာထဲက တတိယမြောက် ခေါင်းဆောင်မင်းသမီးနေရာသာ ဖြစ်သော်လည်း မိုရှစ်ယွင် ကျေနပ်ပါသည်။
ဒီ Web ဒရမ်မာကို ရေပန်းစားအွန်လိုင်းဝတ္ထုတစ်ခုအပေါ် အခြေခံပြီး ရိုက်ကူးမှာဖြစ်ပါသည်။ ထို့ကြောင့် ပရိတ်သတ်က ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ဒရမ်မာ ရေပန်းစားလာနိုင်ချေက အတော်လေးမြင့်မားသည်။
ဒီ Web ဒရမ်မာသာ ပေါက်သွားလျှင် တတိယမြောက် ခေါင်းဆောင်မင်းသမီးဖြစ်နေရင်တောင် လူတိုင်းသိကြသည့် နာမည်တစ်ခုဖြစ်လာလိမ့်မည်။ ထိုအခါ အနုပညာလောကထဲမှာ သူမ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်အလွန် အကျိုးရှိပါလိမ့်မည်။
လူရွေးပွဲပြီးဆုံးသောအခါ အနုပညာလောကထဲတွင် Role တစ်ခုမှမရဘဲ ကျင်လည်နေကြသည့် လူတွေအများကြီး ရှိကြသည်ဟု မစ္စချမ့်က သူမကိုပြောပြခဲ့သည်။ ထို့ကြောင့် သူမ၏ ဒီခြေလှမ်းက တခြားသူတွေ၏ အမြင်မှာတော့ အလွန်ကြီးမားသည့် ခြေလှမ်းတစ်ခုဖြစ်နေပါပြီ။
ထိုအချိန်တွင် ဒီသတင်းကို ရှန်းဟွာအထက်တန်းကျောင်း Campus Forum ပေါ်၌ တစ်ယောက်ယောက်က တင်လိုက်သည်။ အတန်းပေါင်းစုံရှိ ကျောင်းသားများက မိုရှစ်ယွင်အတွက် ဆုတောင်း၊ ဂုဏ်ပြု၊ ဝမ်းသာပေးကြပါသည်။
ရှန်းဟွာအထက်တန်းကျောင်းရှိ သာမန်ကျောင်းသားတစ်ယောက်အတွက် ဒီရက်ပိုင်းတွေထဲမှာ နားစွင့်စရာ သတင်းတွေအများကြီးရှိနေပါသည်။ ကျမ့်ယိလင်လေး၏ သတင်းများ ငြိမ်ကျသွားတာနဲ့ မိုရှစ်ယွင်၏ သတင်းက တက်လာပြန်သည်။
ဒီနှစ်ယောက်က တိတ်တခိုး ယှဉ်ပြိုင်နေကြသည်ဟုလည်း သူတို့ ခံစားမိလာသည်။
ဒီခံစားချက်က ပို့စ် ၂ ခုကို တစ်ပြိုင်တည်း တင်လိုက်သည့်နေက စတည်ဖြစ်တည်လာခဲ့သည်။ ကျမ့်ယိလင်နဲ့ မိုရှစ်ယွင်တို့ကို နှိုင်းယှဉ်နေကြမှန်း သိသာာပါသည်။
မကြာသေးခင်က ကျမ့်ယိလင်လေးအပေါ် အထင်အမြင်ပြန်ပြောင်းလဲခဲ့သည့် ကျောင်းသားတချို့ရှိပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။