အခန်း(၂၉၇) အစ်ကိုယုကျဲအတွက် ဆရာရှာဖွေပေးခြင်း (၁)
ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ [ကျွန်မလည်း အစ်ကိုယုကျဲနဲ့ အမြင်တူတယ်]
ထိုစကားကိုကြားမှ ယွီရှိထက်် ကျမ့်ယုကျဲ ပိုကျေနပ်သွားသည်။ [တွေ့လား။ ငါ့ညီမလည်း နာမည်ကို မကြိုက်ဘူး! ၂ မဲ ၂ မဲကွ! သရေကျသွားပြီ!]
ယွီရှိ စာရိုက်လိုက်သည်။ [အေး အဲ့တာဆိုလည်း မင်းအဖွဲ့နာမည်သစ်စဉ်းစားလိုက်လေ။ မင်းစဉ်းစားထားတဲ့ နာမည်က ငါ့ထက်ပိုကောင်းရင် ပြောင်းဖို့ သဘောတူပေးမယ်]
ဒီလိုနဲ့ ကျမ့်ယုကျဲလည်း စတင်စဉ်းစားတွေးခေါ်လိုက်တော့သည်။
သို့သော် ကျိုက်ယွင်ရှန်း စိတ်မရှည်တော့ဘဲ ဝင်ပြောလိုက်လေသည်။ [အချိန်မဖြုန်းစမ်းနဲ့။ ပြိုင်ပွဲက စနေပြီ။ ဂိမ်းပဲ အရင်ကစားကြရအောင်]
အွန်လိုင်းဖလားလုပြိုင်ပွဲက သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာသာ စတင်ရသည်။ အချိန်လွတ်သွားပါက ပြိုင်ပွဲမှာ ပါဝင်ခွင့် ရတော့မှာ မဟုတ်ပေ။
ထို့ကြောင့် ကျမ့်ယုကျဲလည်း လောလောဆယ် သဘောတူလိုက်ရတော့သည်။ သူတို့ ၄ ယောက် ဂိမ်းထဲ ဝင်ရောက်လိုက်ကြသည်။
ပွဲနည်းနည်းကစားပြီးတာနဲ့ [Domination] အဖွဲ့က ၎င်းတို့ပွဲတွေမှာ အဆင့် ၁ ရသွားသည်။
၂ နာရီလောက်ကြာသောအခါ ပြိုင်ပွဲရဲ့ပထမပိုင်း အဆုံးသတ်သွားပါပြီ။
[Domination] အဖွဲ့က အနှစ်ချုပ်အားဖြင့် အဆင့် ၈ နေရာမှာရှိနေသည်။
ထိပ်တန်းအဆင့်ရှိတဲ့ အဖွဲ့တွေအားလုံးရဲ့နာမည်က အင်္ဂလိပ်လိုတွေချည်းဖြစ်သည်။ ထိုအဖွဲ့တွေက တခြားနိုင်ငံတွေက ဖြစ်နိုင်ပါသည်။
ထို့ကြောင့် [Domination] ဆိုတဲ့နာမည်က အတော်လေး ထင်ရှားနေသည်။
နာမည်ပြောင်းလဲဖို့ကိစ္စကို ယာယီဆိုင်းငံ့ထားပါသည်။
ကစားပွဲပြီးသောအခါ ကျမ့်ယိလင် ဂိမ်းထဲကထွက်လိုက်ပြီး တခြားအလုပ်တွေလုပ်ဖို့ ပြင်လိုက်သည်။ နေ့စဉ် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပြီးနောက် သူမရဲ့ to-do-list ကိုဖွင့်လိုက်သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။