အခန်း(၃၂၇) ဟဲယန်ရဲ့အမျက်ဒေါသ (၂)
"ငွေစာရင်းတွေလိုနေတာ မသိဘူးဟုတ်လား" အဘွားကျမ့်မေးလိုက်သည်။ သူမ မျက်မှောင်ကြုတ်နေပါသည်။
ဒီကိစ္စက အသေးအဖွဲမဟုတ်ပေ။
"သမီး... သမီးတကယ်မသိပါဘူး" ဟဲယန်က လေသံတိုးတိုးဖြင့် ခုခံပြောဆိုလိုက်ပါသည်။
"ဒါဆိုလည်း ကောင်းပြီလေ" အဘွားကျမ့်ပြောလိုက်သည်။ "နင်က ရန်ပုံငွေသေချာမစီမံတတ်ဘူးဆိုတော့ လောလောဆယ်အတွက် နင့်ယောက်မပဲ ပြန်တာဝန်ယူလိမ့်မယ်"
ဟဲယန်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ရန်ပုံငွေစာရင်းများအတွက် သူမမှာ တာဝန်ရှိသည်။ တစ်ခုခုဖြစ်လာပါက သူမတာဝန်ခံရမည်။
သူမတာဝန်ကို ကောင်းကောင်းမဆောင်ရွက်နိုင်ခဲ့သမဖြင့် လူစားထိုးဖို့ အဘွားကျမ့်အကြောင်းအရင်းရသွားပါပြီ။
"အမေ... သမီး..."
ဟဲယန်က ခုခံချင်သေးသည်။
"အဲ့အကြောင်း ဆက်မပြောနဲ့တော့" အဘွားကျမ့်ပြောလိုက်သည်။ သူမ ဟဲယန်စကားကို ဆက်ပြီးနားမထောင်ချင်တော့ပေ။
ဟဲယန်ရင်ထဲ ချက်ချင်းပဲ ဟာတာတာဖြစ်သွားပါသည်။
သူမယောက္ခမက ဘက်လိုက်လွန်းပါသည်။
ရှင်းပြဖို့ အခွင့်အရေးလေးတောင် မပေးခဲ့ပေ။
နောက်ဆုံးကျတော့လည်း သူမယောက္ခမက ပရဟိတရန်ပုံငွေများကို ဝမ်းနွမ်လက်ထဲ ပြန်အပ်ချင်တာသာဖြစ်မည်။
စာရင်းမကိုက်ညီတာာက ဆင်ခြေတစ်ခုသာဖြစ်မည်။ စာရင်းမကိုက်ညီမှု မရှိရင်တောင် ဝမ်းနွမ်ကို ပေးမှာပဲ ဖြစ်သည်။
နောက်ဆုံးကျတော့လည်း ဝမ်းနွမ်ကမှ အဘွားကျမ့် သဘောအကျဆုံး ချွေးမဖြစ်နေဆဲပင်။
သူမကတော့ အဘွားကျမ့်သဘောမကျဆုံး ချွေးမဖြစ်ပါသည်။
ကျမ့်အိမ်တော်ဟောင်းက ညစာလည်း အရသာမဲ့လှပါသည်။ သူမဖယောင်းတွေ ဝါးစားနေရသည့်နှယ်။
သူတို့ပြန်လာကြသောအခါ ဝမ်းနွမ်နဲ့အတူတူ ကားပါကင်သို့ ဟဲယန်လျှောက်လာခဲ့သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။