အခန်း(၂၄၉+၂၅၀)

1.2K 131 1
                                    

အခန်း(၂၄၉) ယိလင်လေးကို စောင့်နေခြင်း

အဘိုးကျမ့်က စကားပြောရင်း လက်ထဲမှာ သစ်ခွပန်းတစ်ပင်ကို ကိုင်ထားသည်။ ပန်းအိုးကို အသာအယာလေး ကိုင်ထားပြီး သူ့လက်ထဲက ပန်းပင်အတွက် အလွန်ဂရုစိုက်နေသည့်ပုံစံပင်။

"အဘိုးကြီး! ဘာလို့ ကိုယ့်မြေးတွေကိစ္စကို ဂရုမစိုက်တာလဲ! ရှင့်သောက်ရေးမပါတဲ့ သစ်ခွတွေကို ဂရုစိုက်နေလို့ ဘာအသုံးဝင်လို့လဲ!" အဘွားကျမ့်က ဒေါသဖြင့် အော်လိုက်သည်။

"သောက်ရေးမပါတဲ့ သစ်ခွဆိုတာ ဘာပြောတာလဲကွ။ ယိလင်လေးက ငါ့အတွက် ဒီသစ်ခွကို ကယ်ပေးခဲ့တာ! အရင်တစ်ခေါက်တုန်းက ဒီသစ်ခွပန်းလေး သေလုနီးပါးဖြစ်နေတာ။ ငါမျှော်လင့်ချက်တွေတောင် မရှိတော့ဘူး။ ဒါပေမယ့် ငါတို့အသဲတုံးလေးက ပြုစုပြီး အသက်ပြန်သွင်းပေးခဲ့တာ! သူအသက်ပြန်သွင်းပေးဖို့ တစ်ပတ်လုံးလုံးတောင် ကြာခဲ့တာ! ဒီသစ်ခွပန်းကို တန်ဖိုးမထားစရာလား!"

အဘိုးကျမ့်ကလည်း ပြန်ငေါက်လိုက်ပါသည်။

သစ်ခွပန်းတွေက အဖိုးတန်သည်။ သို့သော်လည်း သူ့မြေးမလေးရဲ့ အချစ်နဲ့ ဂရုစိုက်မှုတို့က ပို၍ပင် အဖိုးတန်သေးသည်။

"အဘိုးကြီး! ရှင့်မြေးမလေးက ရှင့်ရဲ့အဖိုးတန်သစ်ခွပန်းကို ကယ်ပေးခဲ့တာဆိုရင် သူ့ကိစ္စတွေကိုကော ဂရုမစိုက်သင့်ဘူးလား"

"အဘွားကြီး! မင်းအဲ့လောက် ဂရုစိုက်နေရင် မင်းဘာလို့ လိုက်မသွားတာလဲ"

"တော်ပါပြီ။ ကျွန်မ ဝင်မပါဘူး။ သူတို့က ကျွန်မအသဲတုံးလေးရဲ့ အသည်းကိုခွဲထားကြတာ။ သူတို့ကို သွားကူညီစေချင်တာလား။ လုံးဝ မဖြစ်နိုင်ဘူး!"

အဘွားကျမ့်က ဒီကိစ္စကို စိတ်ပူသော်လည်း သူတို့ကို ဘယ်တော့မှ ကူညီပေးမှာ မဟုတ်ပါ။

သူတို့အကြား ပြန်စေ့စပ်ပေးဖို့ သူမ ကူညီပေးစရာလား။ အရင်တုန်းက သူမရဲ့ အသဲတုံးလေးကို အပြစ်ပေးဖို့ သူမရဲ့ အထင်အမြင်ကိုတောင် လာမမေးခဲ့ကြပါ။ ကျမ့်ယွင်နော်ကို တောင်းပန်ခိုင်းဖို့အတွက် ကျမ့်ယိလင်လေးကို ဆွဲတောင် ခေါ်သွားကြသေးသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now