အခန်း(၂၆၇+၂၆၈)

1.1K 123 3
                                    

အခန်း(၂၆၇) သမိုင်းဝင် ဂိမ်မာကြီး J10 (၁)

နာရီအနည်းငယ်လောက် ရိုက်ကူးရေးလုပ်ပြီးနောက်တွင် ကျမ့်ယိလင်နဲ့ ဂျူပီတာအဖွဲ့ဝင် ၄ ယောက်သား နားနေခန်းထဲမှာ အနားယူဖို့ ဆုံးဖြတ်လိုက်ကြသည်။

လောင်ရွှန်းက ဂိမ်းကစားကြဖို့ အကြံပေး၏။

ဂျူပီတာအဖွဲ့ဝင် ၂ ယောက်ကလည်း ဒီအကြံကို အမြန်ထောက်ခံကြပါသည်။ ကျမ့်ယိလင်လေးကိုပါ ဝင်ကစားစေချင်သည်။

"မင်းတို့ကောင်တွေ အရမ်းနာငြီးတာပဲကွာ!" ကျမ့်ယိလင် အော်လိုက်သည်။ ချက်ချင်းပဲ သူတို့ဂိမ်းအတူတူကစားမယ့် အကြံကို ကျမ့်ယိလင် ကန့်ကွက်မဲ ပေးလိုက်ပါသည်။ "မင်းတို့ကစားမယ့်ဂိမ်းက သွေးထွက်သံယို ကြမ်းကြုတ်တာတွေ အများကြီးပါတယ်ကွ! ငါ့ညီမလေးနဲ့ လုံးဝ မသင့်တော်ဘူး!"

ကျမ့်ယုမင်က ဖုန်းထုတ်လိုက်ပြီး မိန်းကလေး အဝတ်အစားဆင်ယင်သည့် ဂိမ်းတစ်ခုကိုဖွင့်ကာ ကျမ့်ယိလင်အား ပေးလိုက်ပါသည်။

"ယိလင် ဒီလိုဂိမ်းမျိုးလေးတွေပဲ ကစား။ သူတို့နဲ့ မကစားနဲ့။ နင့်အတွက် စိန် ၂၀,၀၀၀ ဖြည့်ပေးလိုက်မယ်။ နင်လိုချင်တဲ့ ဝတ်စုံကိုဝယ်လို့ရတယ်"

သို့သော်လည်း လောင်ရွှန်းက ဒီအစီအစဉ်ကို မကျေနပ်ပေ။ "ဟျောင့် ညီကိုယုမင်။ ဘာလို့ကန့်လန့်လာလုပ်နေတာလဲ။ ယိလင်က သူတစ်ယောက်တည်းအားတဲ့အချိန် အဲ့လိုအဝတ်အစားဝတ်ပေးတဲ့ ဂိမ်းမျိုး ကစားလို့ရတယ်လေ။ ဒါပေမယ့် အားလုံးအတူတူဆုံပြီး ဂိမ်းကစားဖို့အခွင့်အရေးဆိုတာ ရှားတယ်ကွ။ ငါတို့အဖွဲ့လိုက်ဂိမ်းကစားတာ ပိုမကောင်းဘူးလား"

ဂျူပီတာ အဖွဲ့ဝင် ၂ ယောက်လည်း လောင်ရွှန်းကို ထောက်ခံကြသည်။ "ဟုတ်တယ်။ ညီကိုယုမင်။ ငါတို့က ယိလင်လေးနဲ့ ဂိမ်းကစားချင်ရုံပါ။ အဲ့လောက်ကြီး ကပ်စေးမနဲစမ်းပါနဲ့!"

"ကပ်စေးနှဲတယ်ဟုတ်လား။ ဘယ်သူ့ကို ကပ်စေးနှဲတယ်လာပြောနေတာလဲ!"

ဒီအမျိုးယုတ်တွေကို သူ့ညီမလေးနားမကပ်အောင် တားရုံပဲမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ကပ်စေးနှဲဖြစ်သွားရတာလဲ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now