အခန်း(၄၂၉) ဟဲယန်ကို ဒဏ်ခတ်ခြင်း (၂)
ကျမ့်ယုကျဲ အော်ပြောပြီးနောက် စတင်ငိုကြွေးတော့သည်။
"ယုကျဲ မင်းဘာတွေပြောနေတာလဲ" ကျမ့်ရှုဟုံက မေးလိုက်သည်။ သူအလွန် စိတ်ရှုပ်ထွေးနေပါပြီ။
"ကျွန်တော်ပြောပြမယ်" ကျမ့်ယွင်ချန်းက ရှေ့ထွက်လာပြီး ပြောလိုက်ပါသည်။ သူ့အသံက အေးစက်လှသည်။
"ကျွန်တော့်ညီမလေး ကျွန်တော်တို့ကို CCTV မှတ်တမ်း ပေးခဲ့တုန်းက မှတ်တမ်းကို ဘယ်ကရသလဲ မပြောခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်တို့ စုံစမ်းကြည့်လိုက်တော့ အိမ်က အိမ်စေတစ်ယောက် တစ်ခုခုမရိုးသားမှန်း သိလိုက်ရတယ်။ ကျွန်တော်တို့ အိမ်စေက ဟဲယန်နဲ့ ဆက်သွယ်နေတာဆိုတော့ ကျွန်တော်တို့မိသားစုကို ဖျက်ဆီးဖို့ ဟဲယန်ခိုးဝှက်ပြီး ကြံစည်နေခဲ့တာ သိခဲ့ရတယ်"
"ယွင်ချန်း... မင်း..." ကျမ့်ရှုဟုံ စကားထစ်ငေါ့သွားသည်။ သူ့ တူအကြီးဆုံးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေပါသည်။
"ဒုတိယဦးလေး ကျွန်တော်ဒီနေ့ပြောသွားတာတွေက အကုန်လုံး အမှန်တရားတွေပါ။ ဦးလေးရဲ့ မိန်းမက ကျွန်တော်တို့နောက်ကွယ်မှာ ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးစားနေခဲ့တာ။ ယိလင်လေးနဲ့ ယွင်နော်တို့ကို ဖျက်ဆီးဖို့ ကြိုးစားခဲ့တာ။ ကျွန်တော်တို့ မိသားစုကို ပြိုလဲအောင်လုပ်ဖို့ ကြိုးစားပြီး မိသားစုရှယ်ယာတွေများများပိုရချင်တာ"
"မဟုတ်... မဟုတ်ပါဘူး... အဲ့လိုမဟုတ်..." ကျမ့်ရှုဟုံ စကားလုံးတွေ ထစ်ငေါ့သွားပါသည်။ မျက်နှာက နာကျင်မှုတွေနဲ့ ပြည့်နှက်သွားသည်။ စိတ်အခြေအနေ ပြိုကွဲခါနီးဆဲဆဲ ပုံစံဖြစ်နေပါသည်။
သူနဲ့ ဟဲယန်တို့ အိမ်ထောင်သက်တမ်း နှစ် ၃၀ ရှိပါပြီ။ တစ်အိပ်ရာတည်း နှစ်ပေါင်းများစွာ အတူတူ အိပ်ခဲ့ကြတာဖြစ်သည်။
အခုတော့ သူ့မိန်းမက သူ့မိသားစုကို ကြံစည်နေခဲ့သည်ဟု အားလုံးက လာပြောနေကြတာလား။
ကျမ့်ရှုဟုံ ဟဲယန်ကို လှည့်ကြည့်လိုက်သည်။ သူအလွန်ရင်းနှီးသည့် မျက်နှာကို သူကြည့်လိုက်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။