အခန်း(၂၄၁) မိုရှစ်ယွင်နဲ့ ကျမ့်ယိလင်ကို နှိုင်းယှဉ်ခြင်း (၁)
ကျူးရှားရဲ့စကားတွေကို မိုရှစ်ယွင်ယုံသွားသည်။
ကျူးရှားရဲ့ စကားတွေက မိုရှစ်ယွင်ကို စိတ်ပြောင်းသွားစေခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမက ဘာမှ လုပ်ကြံထားတာမဟုတ်ပေ။ ဒီဓာတ်ပုံက အမှန်တရား မဟုတ်ဘူးလား။
ကျူးရှားပြောတာမှန်သည်။ ဓာတ်ပုံကို တင်လိုက်ရင်တောင် ဓာတ်ပုံတစ်ပုံသာဖြစ်သည်။ သူတို့ ဖိုတိုရှော့လုပ်ထားတာလည်း မဟုတ်ပေ။
ဒီလို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုတစ်ခုကြောင့် မိုရှစ်ယွင် အရင်က တစ်ခါမှမလုပ်ခဲ့ဖူးတဲ့လုပ်ရပ်ကို လုပ်လိုက်ပါတော့သည်။
ဓာတ်ပုံကို ကျူးရှားထံသို့ သူမ ပို့ပေးခဲ့သည်။
ဓာတ်ပုံကိုရလိုက်တာနဲ့ချက်ချင်းပဲ ကျူးရှား Campus Forum ကကိုလော့အင်ဝင်ပြီးတော့ ပို့စ်တစ်ခု ရေးလိုက်ပါတော့သည်။
--- --- ---
ကျမ့်ယိလင် ကျောင်းကို ပြန်လာတော့ ချင်းချွမ်နဲ့ သူမ တွေ့ဆုံခဲ့တာကို တခြားသူတွေအားလုံး အထင်လွဲနေကြမှန်း မသိသေးပါ။
ထို့အစား သူမလုပ်စရာရှိတဲ့ တာဝန်အများအပြားကိုသာ အာရုံစိုက်ထားခဲ့ပါသည်။
ကျမ့်ယွင်နော်ရဲ့ ခွဲစိတ်ကုသမှုကို အပြီးသပ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ချင်းချွမ်အမေရဲ့ ရောဂါကို စိတ်ပူဖို့ လိုသေးသည်။ ထို့အပြင် သခင်ကြီးလျန်ရဲ့ တောင်းဆိုချက်ကိုလည်း ရှင်းရပါဦးမည်။
တစ်ချိန်တည်းမှာပဲ သူမရဲ့ အမာရွတ်ပျောက် လိမ်းဆေးအတွက် လက်တွေ့စမ်းသပ်ချက်များကို စတင်ခဲ့ပါပြီ။
ထို့ကြောင့် ကျမ့်ယိလင်က သူမရဲ့အတန်းချိန်အများစုကို အလုပ်လုပ်ဖို့သာ အသုံးချခဲ့သည်။ တခြားသူတွေ သူမအကြောင်း ဘာတွေးနေသလဲ ဂရုမစိုက်အားပေ။
"ယိလင် Forum ကိုကြည့်ဦး! တစ်ယောက်ယောက်က နင်နဲ့ပတ်သတ်တဲ့ပို့စ်တစ်ခု တင်လိုက်ပြန်ပြီ!'
ဟူကျောင်းကျောင်းက ကျမ့်ယိလင်အတွက် စတင် စိုးရိမ်လာခဲ့သည်။ သူမရဲ့အတူတူထိုင်ဖော်က ကိုယ့်အလုပ်ကိုယ်လုပ်နေတာတောင် သူမဘေးက လူတွေက ဝေဖန် ပြစ်တင်နေကြသည်။ တရားမျှတမှု မရှိပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။