အခန်း(၂၀၁ + ၂၀၂)

3K 173 8
                                    

အခန်း(၂၀၁) ချင်းရှစ်ရွှမ်နဲ့ ဆရာရှန်း တွေ့ဆုံခြင်း

ကျိုက်ယွင်ရှန်း၊ ယွီရှိနဲ့ ကျမ့်ယိလင်လေးတို့ ယွီမိသားစုပိုင် ခမ်းခမ်းနားနားစားသောက်ဆိုင်ကြီးတစ်ဆိုင်ဆီကို ရောက်လာခဲ့ကြသည်။

ရောက်မလာခင် ယွီရှိက သူတို့အတွက် ဇိမ်ခန်းတစ်ခန်းကို ဘိုကင်လုပ်ထားပေးဖို့ စားသောက်ဆိုက်မန်နေဂျာအား ဆက်သွယ်ထားပြီးသားဖြစ်သည်။

သူတို့ ၃ ယောက်ပဲရှိသော်လည်း အစားအသောက် စားပွဲတစ်လုံးစာအပြည့် တည်ခင်းဖို့ စီစဉ်ထား၏။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ချင်းရှစ်ရွှမ်ကလည်း ဒီစားသောက်ဆိုင်မှာ လာစားဖို့ စီစဉ်ထားတာဖြစ်သည်။ ကျိုက်ယွင်ရှန်းပါ ရောက်နေကြောင်း ကြားလိုက်ရတော့ ချင်းရှစ်ရွှမ် ကျိုက်ယွင်ရှန်းကို လာရောက် နှုတ်ဆက်သည်။ ယွီရှိ ဘိုကင်လုပ်ထားသော ဇိမ်ခံအခန်းကို သွားလိုက်ပါသည်။

ချင်းမိသားစုနဲ့ ကျိုက်မိသားစုအကြားက ဆက်ဆံရေးက ကောင်းသည်ဟုလည်းမဆိုနိုင် ဆိုးသည်ဟုလည်း မဆိုနိုင်သော်လည်း မြို့တော်ထဲမှာ သူတို့တွေက အကြွယ်ဝဆုံး မိသားစုတွေဖြစ်ကြသည်။ မိသားစု ၂ စုစလုံးက အခြေခိုင်မာကြပါသည်။

စားသောက်ဆိုင်တစ်ခုတည်းမှာ လာရောက်စားသောက်တာချင်းတူနေသဖြင့် ကျိုက်ယွင်ရှန်းကို ချင်းရှစ်ရွှမ် လျစ်လျူရှုလို့ မရနိုင်ပါ။

ချင်းရှစ်ရွှမ်က ချင်းမိသားစုရဲ့ သာမန် မိသားစုဝင်တစ်ယောက်သာ ဖြစ်သဖြင့် သူ့အဆင့်အတန်းက ကျိုက်ယွင်ရှန်းအောက် နိမ့်တာတော့ အမှန်ပင်။

ထို့ကြောင့် ကျိုက်ယွင်ရှန်းကို သွားရောက် နှုတ်ဆက်မှသာ အဆင်ပြေနိုင်ပါလိမ့်မည်။

သီးသန့်အခန်းကြီးထဲ ချင်းရှစ်ရွှမ်ဝင်လိုက်တော့ ကျိုက်ယွင်ရှန်းနဲ့ ယွီရှိတို့သာ အခန်းထဲ ရှိနေကြသည်။

ကျမ့်ယိလင်လေးက မီးဖိုချောင်ထဲဝင်သွားပါသည်။ ကျိုက်ယွင်ရှန်းအတွက် မှိုတွေကင်ပေးဖို့ ထပ်ပြင်ဆင်နေသည်။ စားသောက်ဆိုင်ကို ယွီမိသားစုက ပိုင်ဆိုင်တာဖြစ်သဖြင့် ကျမ့်ယိလင်လေးအစားအသောက်ပြင်ဆင်ဖို့အတွက် လိုအပ်တာ မှန်သမျှစားဖိုမှူးများကို ယွီရှိကူညီခိုင်းထားသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now