အခန်း(၂၂၇+၂၂၈)

1.2K 130 1
                                    

အခန်း(၂၂၇) အဆက်ဖြတ်ခြင်း

အဘွားကျမ့်ချက်ချင်း ရှေ့တိုးလာပြီး ကျမ့်ယိလင်လေးကို သူမဘေးနား ပြန်ဆွဲခေါ်လိုက်သည်။ "ကိုယ့်ညီမရှေ့မှာ ဘာလို့ ဒီလောက်အရှက်မရှိပြုမူနေတာလဲ။ နင့်ကို ကိုကြီးလို့ ခေါ်စေချင်တာလား။ အဲ့တာဆို သူ့ကိုကောင်းကောင်း ဆက်ဆံလေ။ အမြဲတမ်း အနိုင်ကျင့်နေတာကို ဘာလို့ ကိုကြီးလို့ခေါ်ရမှာလဲ"

ကျမ့်ယိလင်ကို ကျမ့်ယုမင် 'အာကျယ်မလေး'ဟု ခေါ်ဆိုနေရခြင်းအကြောင်းအရင်းမှာ သူမကို ရှက်အောင် လုပ်ချင်တာကြောင့်ဟု အဘွားကျမ့်က ယူဆထား၏။ ကျမ့်ယုမင်က ကျမ့်ယိလင်ကို သဘောမကျဘူးဟု သူမ ယူဆထားသည်။

အဘွားကျမ့်က ကျမ့်ယုမင်ကို အဓိကထားပြောလိုက်သော်လည်း သူမစကားတွေက အခန်းထဲက လူတိုင်းအတွက် ရည်ရွယ်သလိုမျိုးဖြစ်နေပါသည်။ အားလုံးနီးပါး အဆူခံလိုက်ရသလိုမျိုး ခံစားလိုက်ရ၏။

အဘွားကျမ့်ရဲ့စကားကိုကြားမှ ကျမ့်ယုမင် စိတ်ဓာတ်ကျသွားပါသည်။

သြော်... မြေးတွေအကုန်လုံးက မွေးစားခံထားရတဲ့ပုံပဲ။ ကျမ့်ယိလင်ကသာ သူ့ရဲ့ တစ်ဦးတည်းသော အဖိုးတန် မြေးလေး။ သူတို့ အားလုံးကိုတော့ တစ်နေရာရာက ကောက်မွေးထားတာ ဖြစ်မည်...။

ဘေးမှာ ကျမ့်ယုကျဲက ဝါးလုံးကွဲရယ်မောနေပါသည်။ ကျမ့်ယုမင်က သူ့ကို လမ်းဖယ်ဖို့ တွန်းထုတ်ခဲ့သည်။ သို့သော်လည်း အဘွားကျမ့်က သူ့ကို အပြစ်ပေးလိုက်လေပြီ။ သူ့ထိုက်နဲ့သူ့ကံပင်။

ထို့နောက် ကျမ့်ရှုရှင်း ရှေ့ထွက်လာခဲ့သည်။ ကျမ့်ယိလင်ကို နီမြန်းနေတဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပြီး မဝံ့မရဲ မေးလိုက်ပါသည်။ "ယိလင်လေး ခုတလော စာသင်ရတာ ဘယ်လိုနေလဲ"

ကျမ့်ယိလင်လေးက ကျမ့်အိမ်တော်ဟောင်းမှာ ပြောင်းလဲနေထိုင်ခဲ့သဖြင့် ဒီရက်ပိုင်းတွေမှာ သမီးဖြစ်သူအကြောင်း ကျမ့်ရှုရှင်း ဘာမှသိပ်မသိရပေ။

သူတို့ တစ်ယောက်ကိုတစ်ယောက်တွေ့လိုက်တိုင်း ဘာမေးရမှန်းမသိပါ။ ထို့ကြောင့် ပညာရေးနဲ့ပတ်သတ်ပြီးသာ မေးရလေသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now