အခန်း(၃၅၇+၃၅၈)

945 131 0
                                    

အခန်း(၃၅၇) သတင်းစာရှင်းလင်းပွဲ (၂)

ဒီသတင်းစာရှင်းလင်းပွဲ၏ အဓိကရည်ရွယ်ချက်က အဖွဲ့အစည်းမှ ဖန်တီးထားသည့် ဆေးဝါးအသစ်တစ်ခု၏ ရလဒ်ကို ကြေညာပေးဖို့ဖြစ်သည်။

ပုံမှန်အတိုင်းပဲ သတင်းစာရှင်းလင်းပွဲကို အင်တာနက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်ထားပါသည်။

သို့သော်လည်း ဒီတစ်ခေါက်ကြည့်ရှုသူအရေအတွက်က အရင်တုန်းကထက် အများကြီး ပိုများလို့နေသည်။

ယခင်တုန်းက ဒီလိုတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဆိုလို့ ဆေးပညာနဲ့ ပညာရေးအသိုင်းအဝိုင်းက လူတွေသာရှိသည်။ ဒီလို တိုက်ရိုက်ထုတ်လွှင့်မှုမျိုးကို စိတ်ဝင်စားသည့် လူအများစုက တခြားအဖွဲ့အစည်းများရှိ သုတေသန ပညာရှင်များသာဖြစ်ကြသည်။

သို့သော်လည်း ဒီနေ့တော့ ကြည့်ရှုသူတွေ အများကြီး ရှိနေပါသည်။ တကယ်တော့ ကြည့်ရှုသူအများစုက ကျောင်းသားတွေဖြစ်ကြသည်။ မိဘနဲ့ ဆရာတချို့လည်း ကြည့်ရှုနေကြပါသည်။

အတန်းမှ အားလပ်ချိန်ယူထားသည့် မိုရှစ်ယွင်လည်း သူမကွန်ပျူတာရှေ့မှာ ထိုင်နေပါသည်။ သူမလည်း သတင်းစာရှင်းလင်းပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေသည်။

သတင်းစာရှင်းလင်းပွဲတွင် နောက်ပိုင်းကိစ္စအပေါ် အဖွဲ့အစည်း၏ တုန့်ပြန်မှုကို သူမစောင့်နေခြင်း ဖြစ်ပါသည်။

ကျမ့်မိသားစုနဲ့ ကျမ့်ယိလင်တို့ နောက်ဆုံးတော့ သူမအပေါ် လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ကြရတော့မည်။

သူမနဲ့ သူမအမေတို့ ခံစားခဲ့ရသည့် အရှက်ကွဲမှုတွေက သတင်းစာ ရှင်းလင်းပွဲပြီးသည့်အခါ ကျမ့်ယိလင်နဲ့ ကျမ့်မိသားစုဘက်ကို ပြန်ရောက်လာပါလိမ့်မည်။

သတင်းစာရှင်းလင်းပွဲ၏ ပထမပိုင်းမှာ လူအများစု ကြည့်ရတာ အနည်းငယ်ပျင်းဖို့ကောင်းနေပါသည်။ ပညာရေးအကြောင်းဖြစ်တာကြောင့် ဘာတွေဖြစ်နေသလဲလူအများစုက နားမလည်ကြပေ။

သို့သော် ဒုတိယအပိုင်းတွင် ဂျာနယ်လစ်များနဲ့ အမေးအဖြေကဏ္ဍတစ်ခု ပါဝင်သည်။ ထိုအချိန်တွင် ဂျာနယ်လစ်တစ်ယောက်က အဖွဲ့အစည်းကို လတ်တလော ခိုးကူးမှုကောလဟာလတွေအကြောင်း မေးကြည့်လိုက်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now