အခန်း(၃၈၃) ကျမ့်အိမ်တော်ဟောင်းသို့ ကျမ့်ယုပေါ် ပြန်လာခြင်း (၁)
ထိုအပိုင်းပြီးဆုံးသွားသောအခါ ကျမ့်ယိလင် ရေပန်းစားလာခဲ့သည်။
သူမ ပရိတ်သတ်အများစုက ကျမ့်ယုမင်၏ Weibo ကိုသွားပြီး မက်ဆေ့များ ရေးသားကြသည်။ ကျမ့်ယိလင်၏ Weibo အကောင့်ကို ပေးဖို့ တောင်းပန်နေကြပါသည်။
[မင်ယုကျေးဇူးပြုပြီး နင့်ညီမလေးရဲ့ Weibo အကောင့်လေးပေးပါ! နင့်ညီမလေးရဲ့ ပရိတ်သတ် ဖြစ်ချင်လို့!]
[မင်ယု ကပ်စေးမနှဲပါနဲ့! သူက နင့်ညီမလေးပါ! ဒါပေမယ့် သူ့ IQ ကိုတော့ အားလုံးပိုင်တယ်လေ!]
[မင်ယု! နင့်ညီမလေးရဲ့ Weibo အကောင့်မပေးရင် နင့်ပရိတ်သတ်မလုပ်တော့ဘူးနော်!]
သို့သော်လည်း ထိုသို့ပြောသည့် ပရိတ်သတ်များကို ကျမ့်ယုမင် မကြောက်မိပါ။ သူ့ညီမလေးမှာ Weibo အကောင့်မရှိဘူးဟုသာ စာပြန်ခဲ့ပါသည်။
သူ့ Weibo အကောင့်မှာ သူ့ညီမလေးက ဆယ်လီ မဟုတ်ဘူးဟုပင် တဲ့တိုး ဖြေရှင်းထားသေးသည်။ ထို့ကြောင့် သူမ၏ ဘဝကို မနှောင့်ယှက်ကြဖို့ မျှော်လင့်ထားသည်။
သို့သော်လည်း ဒီလိုကြေညာထားတာတောင် ယိလင်၏ ပရိတ်သတ်များက လက်မလျှော့ကြသေးပါ။
ကျမ့်ယိလင်အတွက် Fan Group တည်ထောင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် အင်တာနက်ပေါ်က လူတချို့က ကျမ့်ယိလင်နဲ့ မိုရှစ်ယွင်တို့ကို နှိုင်းယှဉ်ကြပါသည်။
မိုရှစ်ယွင်၏ အမည်ကို အင်တာနက်ပေါ်မှာ ရှာလိုက်ပါက အနည်းဆုံး ၁၀ ပုဒ်မှာ ၅ ပုဒ် ကျမ့်ယိလင်နဲ့ သက်ဆိုင်နေတာကို မြင်ရပါလိမ့်မည်။ အားလုံးက Reality Show မှ ကျမ့်ယိလင်လေး၏ စွမ်းဆောင်ရည်အကြောင်း ပြောဆိုနေကြသည်။
မိုရှစ်ယွင်၏ ဉာဏ်ရည်မြင့်မားမှုကလည်း ၁ ပိုင်းသာ ခံလိုက်သည်။ ဒုတိယအပိုင်းမှာ ထိုမျက်နှာဖုံးကို ကျမ့်ယိလင်က လုံးဝ ဖျက်ဆီးသွားပါသည်။
မိုရှစ်ယွင်၏ ရုတ်တရက်နာမည်ကြီးလာမှုကို လက်မခံချင်ကြသည့် လူတချို့လည်း အင်တာနက်ပေါ်မှာ ရှိနေပါသည်။ ယခုတော့ ဒီအခွင့်အရေးကို အသုံးချလျက် သူမကို လှောင်ပြောင်နေကြပါပြီ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။