အခန်း(၄၄၁+၄၄၂)

498 86 5
                                    

11.11 နေ့ဆိုတော့ ထူးထူးခြားခြားလေးဖြစ်သွားအောင် နောက်ထပ် ၁၀ ပိုင်း တင်ပေးလိုက်ပါတယ်နော် 

  ∧,,,∧( ̳• · • ̳)/ づ♡


အခန်း(၄၄၁) ဆရာရှန်း၏ ကယ်တင်မှု (၁)

အဘွားကြီး အခုဘယ်နေရာမှာပဲ ရှိနေပါစေ သူမနဲ့ ကျမ့်ယိလင်ယခုရှိနေသည့် ကားနဲ့ ချိတ်ဆက်ထားသည့် ဗီဒီယိုကောမှာ အင်တာနက်ပေါ်မှ ထုတ်လွှင့်နေတာဖြစ်သည်။

အဘွားကြီး၏ ပုံရိပ်ကော ကျမ့်ယိလင်၏ ပုံရိပ်ကော အင်တာနက်မှတစ်ဆင့် ထုတ်လွှင့်နေတာဖြစ်သည်။

ဒီဗီဒီယိုကောကိုသာ အချိန်ကြာကြာဆက်ဆွဲထားနိုင်ပါက ကျမ့်ယိလင်၏ အဆက်အသွယ်များ ခြေရာခံမိပါလိမ့်မည်။

ထင်ထားသည့်အတိုင်း ဗီဒီယိုကို ကျမ့်ယိလင်၏ အဆက်အသွယ်တစ်ယောက်က ခြေရာခံမိသွားပါသည်။

တစ်ချိန်တည်းမှာပင် သခင်ကြီးလျန်၏ ကွန်ပျူတာပညာရှင်တစ်ယောက်နဲ့ ဟွေ့ယူတို့ နှစ်ယောက်စလုံး ဗီဒီယိုကောကို တစ်ပြိုင်တည်း ခြေရာခံမိသွားကြသည်။

သခင်ကြီးလျန်ကိုလည်း ကျမ့်ယိလင်လေး၏ အခြေအနေအား အစီရင်ခံထားသည်။

ဖန်သားပြင်ပေါ်က အဘွားကြီးကိုမြင်သောအခါ သခင်ကြီးလျန် မျက်မှောင်ကြုတ်သွားသည်။

"သြော်... ပြဿနာက သေးတော့မသေးဘူး။ ဒီစုန်းမကြီးက ရှင်းဖို့လွယ်တဲ့လူမဟုတ်ဘူး။ သူ့နောက်ကွယ်မှာ အင်တာနေရှင်နယ်အဖွဲ့အစည်းတစ်ခုရဲ့ အာဏာရှိတယ်..."

သူမက သခင်ကြီးလျန်ကိုတောင် ခေါင်းကိုက်သွားစေနိုင်သည့် လူမျိုးဖြစ်သည်။

ဆိုလိုတာက ကျမ့်ယိလင် ဒီအဘွားကြီးလက်ထဲရောက်သွားတာ အလွန်အန္တရာယ်များပါသည်။

ထို့နောက် သခင်ကြီးလျန်က သူ့လူတွေကို အမြန်ပြောလိုက်သည်။ "ကျမ့်ယိလင်ကို လေယာဉ်ပေါ် တင်ခွင့် မပေးလိုက်နဲ့!"

နိုင်ငံထဲကထွက်သွားပါက ကျမ့်ယိလင်ကို ပြန်ရဖို့ အရမ်းခက်သွားနိုင်ပါသည်။

"ဒီနေ့ လေယာဉ်ခရီးစဉ်အားလုံးကို စစ်ဆေးလိုက်။ သီးသန့်ခရီးစဉ်တွေပါ စစ်ဆေး။ အကြီးစား အသေးစား လေယာဉ်တွေကော ဟယ်လီကော်ပတာတွေကိုပါ စစ်ဆေး! ပျံနိုင်တာမှန်သမျှ အကုန်စစ်ကွာ!"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now