အခန်း(၄၄၃) ဆရာရှန်း၏ ကယ်တင်မှု (၃)
"သူ့ကိုလွှတ်လိုက်" သက်လတ်ပိုင်းယောက်ျားကြီးနဲ့ လက်အောက်ငယ်သားများကို ကျိုက်ယွင်ရှန်း ပြောလိုက်သည်။
သို့သော်လည်း သူ့လေသံက ပုံမှန်လို အားအင်ပြည့်ဝမနေပါ။
ထို့ကြောင့် သူကျန်းမာရေးဆိုးရွားနေမှန်း ကျမ့်ယိလင် ပိုသေချာသွားသည်။
သူဒီလိုနေတာ အလွန်အန္တရာယ်များပါသည်။ သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက တခြားသူတွေနဲ့ မတူပါ။ ဒီဖြစ်ရပ်ကြောင့် သူသေသွားနိုင်သည်။
ကားထဲမှာ တည်တည်ငြိမ်ငြိမ်ထိုင်နေခဲ့သည့် ကျမ့်ယိလင်လေရုတ်တရက်ကြီး ကားတံခါးဆီ ဆတ်ခနဲလှုပ်ရှားလိုက်သည်။
သူမကို စောင့်ကြည့်နေသည့် အမျိုးသမီး ၂ ယောက်က ချက်ချင်းပဲ သူမကို ထိုင်ခုံသို့ ပြန်ဆွဲခေါ်လိုက်ပါသည်။
ထို့နောက် အမျိုးသမီးတစ်ယောက်က ကျမ့်ယိလင်၏ လက်များကို ကျောနောက်မှာ ချုပ်နှောင်ထားလိုက်သည်။
အမျိုးသမီး ၂ ယောက်၏ လုပ်ရပ်များက ကြမ်းတမ်းပါသည်။ ကျမ့်ယိလင်၏ နူးညံ့ပြီး ထိခိုက်လွယ်သည့် ခန္ဓာကိုယ်လေးက သူတို့ ၂ ယောက်ကြောင့် ဟိုရွေ့လိုက်ဒီရွေ့လိုက် ဖြစ်နေသည်။
"သူ့ကို လွှတ်လိုက်!" ကျိုက်ယွင်ရှန်း ရုတ်တရက် အသံကို ပိုကျယ်လောင်စွာ ပြောလိုက်ပါသည်။
အသံကျယ်ကျယ်ပြောပြီးနောက် အသက်ရှူသံတွေ စူးရှသွားသည်။ သူ့ရင်ဘတ်ထဲမှာ ပိုနာကျင်လာ၏။
ကျိုက်ယွင်ရှန်း၏ ဒေါက်တာက သူ့ကို ကြိုတင် သတိပေးထားပြီးသားဖြစ်သည်။ အရမ်းကြီး စိုးရိမ်ပူပန်ပြီး စိတ်လှုပ်ရှားလို့မရပါ။ ဒေါသအလွန် ထွက်လို့လည်းမရပါ။
စိတ်အခြေအနေအတက်အကျဖြစ်လာလျှင် နှလုံးပြဿနာတက်နိုင်ပြီး ပိုအန္တရာယ်များသည့် အခြေအနေတွေဖြစ်လာနိုင်သည်။
သို့သော်လည်း ကျိုက်ယွင်ရှန်းက ဒေါက်တာ၏ အကြံဉာဏ်များကို တစ်ခါမှ နားမထောင်ခဲ့ပါ။
အရင်တုန်းက ဘာကိစ္စကြောင့်နဲ့မှ ဒေါသမထွက်ဖူးတာကြောင့် ဖြစ်သည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။