အခန်း(၃၃၉) အဆင့်အတန်းချင်းမတူဘူး
[အေးလေ ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့ ဒီနေ့ညတော့ ကြည့်ကောင်းပြီဟေ့! ငါလည်း ပြိုင်ပွဲကြည့်ချင်တယ်! တိုက်ရိုက် ကြည့်ချင်တယ်!]
[နှိုးစက်နာရီတွေ ပြင်ထားကြ။ ခုံတွေရွှေ့ထားကြ။ ရှိုးကြည့်ဖို့ ပြင်ထားကြဟေ့! ရှေ့ဆုံးတန်းမှာ မြေပဲပြုတ်နဲ့ နေကြာစေ့ ရောင်းကြစို့!]
[လာကြလာကြ! အမှတ်တွေ လောင်းရအောင်။ အန်းယန် ၁၀ ၊ ကျမ့်ယိလင် ၁ !]
[ကောလိပ်ဝင်ခွန့်စာမေးပွဲအဖြေလွှာ ၅ စောင်နဲ့ စာမေးပွဲ ၃ နှစ်တာကြေး လောင်းမယ်။ ဘယ်သူ လက်ခံရဲလဲ]
[ငါ့အိမ်စာတွေအကုန်လုံးနဲ့ လောင်းကြေးထပ်မယ်ကွာ။ တစ်ယောက်ယောက် ကျေးဇူးပြုပြီး ကမ်းလှမ်းချက်ကို လက်ခံကြပါဦး]
ကျောင်းသားတွေက ရှိုးကောင်းကောင်းကြည့်ရတော့မည့်ပုံစံပင်။ တစ်ဖက်မှာတော့ ရှန်းဟွာအထက်တန်းကျောင်းက ယောက်ျားလေးအနိုင်ကျင့်သူတစ်ယောက်ဖြစ်သည်။ နောက်တစ်ဖက်မှာတော့ သူတို့ကျောင်းမှ လူပြောအများဆုံး ကောင်မလေးဖြစ်သည်။
ဒီနှစ်ယောက်ကြားက ပြိုင်ပွဲမှာ ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး ကြည့်လို့ကောင်းပါလိမ့်မည်။
မိုရှစ်ယွင်လည်း သတင်းကြားသွားလေသည်။
ပထမတော့ အန်းယန်၏ နည်းလမ်းက ရူးကြောင်ကြောင်နိုင်သည်ဟု သူမထင်ခဲ့သည်။ ကျမ့်ယိလင် စိန်ခေါ်မှုကို လက်မခံပါက ဘာမှဖြစ်လာမှာမဟုတ်ပေ။
သို့သော် ကျမ့်ယိလင် စိန်ခေါ်မှုကို လက်ခံလိုက်ရင်တော့ သူမရူးသွပ်သူဖြစ်လာလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူမစိန်ခေါ်မှုကို လက်ခံလိုက်ပါက သူရှုံးသွားသည့်အခါ အမှားလုပ်ခဲ့တာ သူမပဲဖြစ်သွားမည်။ သူမတောင်းပန်တာ မတောင်းပန်တာ အရေးမကြီးတော့ပါ။
ကျမ့်ယိလင် တောင်းပန်ပါက သူမနဲ့ သူမအမေတို့ စွပ်စွဲခံရတာတွေ ပျောက်ကွယ်သွားမည်။
သို့သော် ကျမ့်ယိလင် တောင်းပန်ဖို့ ငြင်းဆန်ပါက ကျောင်းက ကျောင်းသားတွေ သူမကို ဆန့်ကျင်ကြပါလိမ့်မည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။