အခန်း(၂၉၅) အဖွဲ့ဖွဲ့ခြင်း
"တော်ပါပြီ ကျေးဇူးပါ" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ သူမရဲ့အဖြေက တည်ငြိမ်ပြီး ပြတ်သားပါသည်။
"ကျမ့်ယိလင် ငါတို့နဲ့အတူတူမကစားချင်တာ သေချာရဲ့လား။ ငါတို့က ဂိမ်းဆော့တာ အရမ်းတော်တယ်နော်။ မယုံရင် ငါတို့အဆင့်ကို ပြမယ်! ကျိန်းသေပေါက် လေလုံးထွားနေတာ မဟုတ်ဘူး!"
"ငါ elo မတက်ချင်ဘူး" ကျမ့်ယိလင် ပြန်ပြောလိုက်သည်။
ကျမ့်ယိလင်ရဲ့ တုန့်ပြန်ချက်ကြောင့် ယောက်ျားလေး အတန်းဖော်များ မျှော်လင့်ချက် မဲ့သွားရလေတော့သည်။
သြော်... ဒီလို FPS ဂိမ်းတွေ ကစားတဲ့ကောင်မလေးတွေက အဆင့်နဲ့ပတ်သတ်ပြီး ဘာအိပ်မက်မှ မရှိကြပါလား။
ထားလိုက်ပါတော့။
သူတို့နဲ့အတူတူမကစားချင်တဲ့သူကို တွန်းအားမပေးချင်ပါ။
--- --- ---
'ဇာ့ဂ်ကျူးကျော်မှု' ဂိမ်းအတွက် ဂလိုဘယ် အဖွဲ့ရွေးချယ်ပွဲစတင်သောအခါ ကျမ့်ယိလင်လေးဆီ ယွီရှိ ချက်ချင်းရောက်လာခဲ့ပါသည်။
မျက်လုံးတွေမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေပြီး ပြောလိုက်သည်။
"နတ်ဘုရားလေးလင် အဖွဲ့ဖွဲ့ကြရအောင်!"
"မနေ့ကတင် ဖွဲ့ပြီးပြီလေ"
"မဟုတ်ဘူး!!! အဲ့တာကို ပြောတာမဟုတ်ဘူး။ လာမယ့် ဖလားလုပွဲအတွက် အဖွဲ့ဖွဲ့ကြရအောင်လို့ ပြောတာ! အခု ဇာ့ဂ်ကျူးကျော်မှုအတွက် တရားဝင် ဆုဖလားလု ပြိုင်ပွဲကြီးကျင်းပဖို့ရှိတယ်။ ငါတို့ လူရွေးပွဲဝင်ပြိုင်ပြီး အဆင့်တူတူ တက်လို့ရတယ်! နင်ရယ် ငါရယ် ဆရာရှန်းရယ် အတူတူပေါ့!။ ၄ ယောက်ပြည့်အောင် နောက်တစ်ယောက် ထပ်ရှာလို့လည်း ရတယ်။ ဒါဆို ငါတို့အဖွဲ့တစ်ဖွဲ့ ဖြစ်သွားပြီ!"
ကျမ့်ယိလင် ယွီရှိကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေနဲ့ ပြည့်ဝေနေသဖြင့် ချက်ချင်းတော့ မငြင်းခဲ့ပေ။
ယွီရှိက ကျမ့်ယိလင်လေးကို ဆက်ပြီး တောင်းပန်လေသည်။ "နတ်ဘုရားလေးလင် လုပ်ပါ! ငါ့ကို ကတိပေးပါ! နော်နော်နော်နော်!"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။