အခန်း(၂၀၃) ယွီရှိ အကူအညီတောင်းနေရပြီ
"ကျုပ်ကို မြှောက်နေပြန်ပြီဗျာ" ချင်းရှစ်ရွှမ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ပရဟိတညစာစားပွဲကို ကျုပ်ဇနီးစီမံတာပါ။ သူက အဲ့လို အလှူအဒါန်းတွေ ပရဟိတတွေလုပ်ရတာ အရမ်းစိတ်ပါဝင်စားတယ်လေ။ သူ့ယောက်ျားဖြစ်တဲ့ ကျုပ်ကလည်း သူ့ကို ထောက်ပံ့ပေးရမှာပေါ့ဗျာ။ ခင်ဗျားတို့သုံးယောက် ကျုပ်ဇနီးရဲ့ ပရဟိတ ညစာစားပွဲကို တက်ရောက်ပေးရင် အရမ်းဂုဏ်ယူမိမှာပဲ။ ဒါပေါ့။ ခင်ဗျားတို့ အလုပ်များနေလို့ လာဖို့ မဖြစ်နိုင်ရင်လည်း ရပါတယ်ဗျာ"
ကျိုက်ယွင်ရှန်းက ချင်းရှစ်ရွှမ်ကို ချက်ချင်း အဖြေမပေးသေး။ ထို့အစား ကျမ့်ယိလင်လေးကို လှည့်ကြည့်လိုက်သည်။
ကျမ့်ယိလင်က အသံတိုးတိုးဖြင့် ပြောလိုက်ပါသည်။ "ကျွန်မ မသွားချင်ဘူး"
သူမအသံက တိုးသော်လည်း သူ့ကို နောက်တစ်ခေါက် ရှင်းရှင်းလင်းလင်းကြီး ငြင်းလိုက်ပြန်ပါပြီ။
သူများရဲ့ စေတနာပါပါဖိတ်ကြားမှုကို ငြင်းရတဲ့အတွက် ကျမ့်ယိလင် ရင်ထဲမကောင်းပေ။
သူမအမြင်မှာတော့ ချင်းရှစ်ရွှမ် သူမရဲ့လုပ်ငန်းလမ်းကြောင်းကို ပြောင်းလဲဖို့ အကြံပေးတုန်းက သူမရဲ့ကိုယ်ရေးကိုယ်တာ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် ဘာမှမစဉ်းစားဘဲ ငြင်းလိုက်လို့ရသည်။
သို့သော်လည်း သူတို့ကို ပရဟိတညစာစားပွဲဖိတ်ကြားရခြင်းမှာ စေတနာသက်သက်ဖြစ်သည်။ ထို့ကြောင့် သူမ ငြင်းလိုက်ရသည့်အတွက် ရင်ထဲမကောင်းပေ။
သို့သော်လည်း ကျမ့်ယိလင်မှာ အချိန်ပိုမရှိပါ။ စားချိန် အိပ်ချိန်ကလွဲလို့ ဒီရက်ပိုင်းတွေထဲ တောက်လျှောက် အလုပ်လုပ်ရနေပါသည်။
"ဒါဆို ကျွန်တော်တို့လည်း မလာတော့ဘူး" ကျိုက်ယွင်ရှန်း ပြန်ပြောလိုက်၏။ သူ့အဖြေက အလွန်ပွင့်လင်းပါသည်။
ဆရာရှန်းကတော့ ငြင်းရတဲ့အတွက် စိတ်မကောင်းမဖြစ်ပေ။ ကမ်းလှမ်းချက်တစ်ခုကို သူငြင်းချင်ရင် ငြင်းပါမည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
عاطفيةအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။