အခန်း(၂၈၅) အားကျမိပြီ
သို့သော်လည်း ကျိုက်ယွင်ရှန်းအမြင်မှာတော့ ကျမ့်ယိလင်ရဲ့အိပ်စက်ချိန်က စံနှုန်းမမှီသေးပါ။
ဖွံ့ဖြိုးဆဲအရွယ်တွေက တစ်ရက်ကို ၆ နာရီ - ၇ နာရီကျော်ကျော်လောက် အိပ်စက်ဖို့လိုသည်။
တစ်ရက်ကို အနည်းဆုံး ၈ နာရီလောက်မအိပ်ရင် ဘယ်လိုလုပ်အရပ်ပိုရှည်လာတော့မှာလဲ။
နောက်ဆုံးမှာတော့ ကျမ့်ယိလင် အရှုံးပေးလိုက်ရပါသည်။ အရပ်ပိုရှည်လာဖို့ ရုံးခန်းထောင့်က ကုတင်လေးပေါ်မှာ အနားယူရန်ဆုံးဖြတ်လိုက်ပါတော့သည်။
ကျိုက်ယွင်ရှန်းက စားပွဲမှာထိုင်လိုက်၏။ သူ့အလုပ်နဲ့သူ ရှုပ်နေသည်။ မကြာခဏ ကျမ့်ယိလင်လေးကို လှမ်းကြည့်၏။ ကျမ့်ယိလင်က ဘောလုံးလေးလိုကွေးကာ အိပ်နေပါသည်။
သူမက နဂိုကတည်းက လူကောင်အလွန်သေးနေသည်။ ယခုစောင်အောက်မှာ ဘောလုံးလေးလို ကွေးနေသဖြင့် ကုတင်ပေါ်မှာတောင် အကောင်ပိုသေးတဲ့ပုံပေါက်နေပါသည်။
ဒီလောက်လူကောင်သေးသေးနဲ့ ဘာလို့ အရမ်းခေါင်းမာရတာလဲ။ ပြဿနာတွေကိုကိုယ့်ဖာသာကိုယ်ရှင်းဖို့ပဲ ဘာလို့ ခေါင်းမာနေရတာလဲ။
ကျမ့်ယိလင် နာရီဝက်လောက် မှေးစက်လိုက်သည်။
သူမ နိုးလာသောအခါ ကျိုက်ယွင်ရှန်းက သူမအတွက် အချိုမုန့်တချို့ ယူလာပေး၏။
အစားအသောက်နဲ့ပတ်သတ်လာရင်တော့ ကျိုက်ယွင်ရှန်းရဲ့စေတနာကို သူမ မငြင်းဆန်ခဲ့ပါ။ ကျိုက်ယွင်ရှန်းဝယ်ပေးတဲ့ အစားအသောက်တွေကို စားရတာ အသားကျနေပြီးသားဖြစ်သည်။
သူမရုံးခန်းထဲက ထွက်သွားခါနီးတွင် ကျိုက်ယွင်ရှန်း ကျမ့်ယိလင်ကိုလှမ်းပြောလိုက်သည်။ "နင်အားတဲ့အချိန်တွေမှာ လက်အိတ်တွေ၊ မာဖလာတွေ၊ ဦးထုတ်တွေ သိုးမွေးထိုးတာ ရပ်လိုက်တော့နော်"
--- --- ---
ကျမ့်ယိလင်ရဲ့ ရလဒ်တွေထွက်လာတော့ ဝမ်ရှန့်ချုံတစ်ယောက်တည်း ဂရုစိုက်တာမဟုတ်ပါ။ ကျမ့်ယိလင်ရဲ့ စာသင်ခန်းတစ်ခန်းတည်းလည်း မဟုတ်ပါ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Roman d'amourအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။