အခန်း(၂၅၅) ကျမ့်ယွင်နော် ကျောင်းပြန်တက်ခြင်း (၂)
မိုရှစ်ယွင် စဉ်းစားနေချိန် အတန်းထဲက တခြားကျောင်းသားတွေက ကျမ့်ယွင်နော်ကို ဝိုင်းရံလိုက်ကြပြီဖြစ်သည်။ ပြန်သက်သာလာတဲ့အတွက် တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား ပြောလိုက်ကြပါသည်။
"ကျေးဇူးပါ။ အားလုံး စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ" ကျမ့်ယွင်နော်ပြန်ပြောလိုက်ပါသည်။
ထို့နောက် ချက်ချင်းဆိုသလိုပဲ အနားမှာလူတွေစုနေတာကို အခွင့်ကောင်းယူလိုက်ပြီး ကျမ့်ယွင်နော် လေးလေးနက်နက် စကားတစ်ခွန်းပြောလိုက်ပါသည်။
"အင်တာနက်ပေါ်က ပို့စ်တွေအကုန်လုံး ငါမြင်ပြီးသွားပြီ. ငါ့ညီမလေး ယိလင်က မှားမှားယွင်းယွင်း စွပ်စွဲခံရတာပါ။ သူက ငါ့ကိုတိုက်ခိုက်ခဲ့တာ မဟုတ်ဘဲ ကယ်တင်ဖို့ကြိုးစားခဲ့တာ။ အဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပြီး အားလုံး မဟုတ်မမှန်သုံးသပ်တာတွေ ရပ်လိုက်ဖို့ မျှော်လင့်တယ်။ ကျေးဇူးပြုပြီး သူ့ကို နာကျင်စေမယ့် စကားလုံးတွေကို မသုံးပါနဲ့"
ထိုသို့ပြောလိုက်ရင်း ကျမ့်ယွင်နော်ရဲ့ ရင်ထဲခါးသီးသွားရလေသည်။
ကျမ့်ယိလင်ကို အနာကျင်စေခဲ့ဆုံးလူက သူကိုယ်တိုင်ဖြစ်မှန်း ကျမ့်ယွင်နော်သိပါသည်။ သူ့လုပ်ရပ်တွေကပဲ သူမကို အဆိုးရွားဆုံး စွပ်စွဲခဲ့တာလည်းဖြစ်သည်။
ကျမ့်ယွင်နော်ရဲ့ စကားကြောင့် ဒီကိစ္စနဲ့ ပတ်သတ်ပြီး အားလုံးရဲ့ လက်ကျန်သံသယလေးများ ပျောက်ကွယ်သွားပါတော့သည်။
အရင်တုန်းက လုံခြုံရေးဗီဒီယိုကို အတုလုပ်ထားနိုင်ချေရှိသည်ဟုဆိုကာ ခေါင်းဆက်မာနေတဲ့ လူတချို့ရှိသေးသည်။ သို့သော်လည်း အခုတော့ ကျမ့်ယွင်နော်ရဲ့စကားကို ယုံကြည်ရပါတော့မည်။ သူ့စကားတွေကတော့ အတုအယောင် မဟုတ်နိုင်လောက်ပါ။
"သြော် ဒီလိုကိုး။ အားလုံးနားလည်မှုလွဲခဲ့တာပေါ့။ ငါတို့ ကျမ့်ယိလင်ကို နားလည်မှုလွဲခဲ့မိပြီ"
"အေး ဟုတ်တယ်။ ဒီကောလဟာလကို စဖြန့်တဲ့ကောင်ကိုပဲ ငါတော့ အပြစ်တင်တယ်။ သူတို့ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းက အရမ်းသဘာဝကျလွန်းတယ်။ ငါတို့အားလုံး သူတို့လှည့်စားတာကို ခံခဲ့ရတာ"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။