အခန်း(၄၁၅+၄၁၆)

671 99 0
                                    

အခန်း(၄၁၅) သူ့ဆုံးဖြတ်ချက်ကို ထောက်ခံတယ်

ဒီကိစ္စနဲ့ပတ်သတ်ပြီး အဘွားကျမ့် မဆုံးဖြတ်နိုင်ပါ။ ထို့ကြောင့် သူမခင်ပွန်း ဆုံးဖြတ်ချက်ချမည့် အချိန်ကိုသာ စောင့်နေနိုင်ပါသည်။

အဘိုးကျမ့်လည်း အချိန်အတော်ကြာအောင် ချင့်ချိန်စဉ်းစားလိုက်ပါသည်။

ကျမ့်ယုပေါ်ကို မိသားစုလုပ်ငန်းတွေ လွှဲမပြောင်းပေးခဲ့ရသည့်အကြောင်းအရင်းက သူဒေါသထွက်နေတာကြောင့် ဖြစ်ပါသည်။

သူ့ကို သွယ်ဝိုက်သောနည်းဖြင့် ခြိမ်းခြောက်နေသူလက်ထဲသို့ ထည့်ရမည့်အစား အဘိုးကျမ့်က ကိုယ့်မိသားစု စီးပွားရေးကိုကိုယ် ပြန်ဖျက်ဆီးပစ်မည့်လူမျိုးဖြစ်သည်။

သို့သော်... ကျမ့်ယုပေါ်ကသာ...

ဒီလိုသာဆို သူလည်း ကျမ့်ယုပေါ်ကို မိသားစုလုပ်ငန်းတွေ လွှဲပြောင်းပေးချင်စိတ်ရှိပါသည်။

အဘိုးကျမ့်က ကျမ့်ယိလင်ကို ပြောလိုက်သည်။ "ဘိုးဘိုး ဒီကိစ္စကို စဉ်းစားကြည့်လိုက်ပါ့မယ်။ စိတ်မပူပါနဲ့။ ဘိုးဘိုးက ငယ်ငယ်ပဲ ရှိပါသေးတယ်။ ဘိုးဘိုးတို့မိသားစုကို ကာကွယ်ပေးနိုင်တယ်"

"ဟုတ်ကဲ့" ကျမ့်ယိလင် ပြန်ဖြေလိုက်ပါသည်။

ဖုန်းချပြီးနောက် အဘိုးကျမ့်နဲ့ အဘွားကျမ့်တို့ အချိန်အကြာကြီး ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးတော့ ခက်ခဲသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ကြပါသည်။

ထို့နောက် ကျမ့်ယုပေါ်ကို ကျမ့်အိမ်တော်ဟောင်းဆီလာခဲ့ဖို့ အဘိုးကျမ့် လှမ်းခေါ်လိုက်ပါသည်။

ရောက်လာတာနဲ့ တစ်ပြိုင်နက် ကျမ့်ယုပေါ်က အဘိုးကျမ့်ကို မေးလိုက်သည်။ "ဆုံးဖြတ်ချက် ချပြီးပြီလား"

"အေး ဆုံးဖြတ်ချက်ချလိုက်ပြီ" ဒီတစ်ခေါက် အဘိုးကျမ့်လေသံက အများကြီး ပိုတည်ငြိမ်နေပါသည်။ "ဒါပေမယ့် ငါ့ဆုံးဖြတ်ချက်ကို ပြောမပြခင် ဘာကြောင့် ဒီဆုံးဖြတ်ချက်ကို ချရသလဲဆိုတာ အရင်ဆုံံးပြောပြမယ်"

ကျမ့်ယုပေါ်က ဘာမှပြန်မပြောပေ။ ထို့အစား အဘိုးကျမ့်ကို ကြည့်နေပြီး စကားဆက်မှာကို စောင့်နေလိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now