အခန်း(၃၇၅+၃၇၆)

905 111 0
                                    

အခန်း(၃၇၅) ကျမ့်ယုမင်အနိုင်ရအောင် ကူညီခြင်း (၃)

ကျမ့်ယိလင် ရှင်းပြနေစဉ် ကျမ့်ယုမင် ကြက်သေသေနေဆဲဖြစ်၏။

သို့သော်လည်း သူ့ညီမလေး၏ ရှင်းလင်းချက်က မှန်ကန်မှန်းတော့ သိပါသည်။ ရတနာသေတ္တာလည်း ပွင့်သွားပြီကိုး။

ဒီတစ်ခေါက် သဲလွန်စကတ်တစ်ကတ်အပြင် ရတနာသေတ္တာထဲမှာ တဲတစ်လုံးလည်း ရှိနေပါသည်။

ဒါကိုမြင်တော့ ကျမ့်ယုမင် ဝမ်းသာသွား၏။ သူ့ညီမလေး ညဘက်ချမ်းနေမှာကို အလွန်စိုးရိမ်နေခဲ့မိသည်။

အခုတော့ သူတို့တဲရသွားပါပြီ။ လက်ဖြင့်သေချာလုပ်ရသည့် တဲမျိုးလည်းမဟုတ်ပေ။ ကျိန်းသေပေါက် စိတ်ချရပါသည်။

တိုက်ရိုက်ထုတ်လွှင့်မှုတွေထဲက ကောမန့်တွေ အလွန်များပြားလာသည်။ [666]

[မင်ယုညီမလေးရဲ့ IQ က သူ့ထက်အများကြီး ပိုမြင့်တယ်ဟေ့။ ဟားဟားဟားဟား]

[အစကတော့ သူ့ညီမလေးကို မင်ယုကူကစားပေးမယ်ထင်နေတာ။ ဒါပေမယ့် ဆန့်ကျင်ဘက်ဖြစ်နေပြီထင်တယ်။ သူကမှ မင်ယုကို ကူကစားပေးနေတာ။ မင်ယုကကူကစားပေးဖို့ တော်တော်ခက်တဲ့ကောင်မလား]

[အခုချိန်ကစပြီး မင်ယုညီမလေးရဲ့ မျက်နှာအစား ဉာဏ်ရည်ကိုပဲ ပရိတ်သတ်လုပ်တော့မယ်!]

[ငါသူ့မျက်လုံးတွေထဲကြည့်ကြည့်လိုက်တော့ ငါမရောက်နိုင်တဲ့ IQ အဆင့်မှန်း အတည်ပြုလိုက်နိုင်တယ်]

[ဟားဟားဟားဟား မင်ယုမရောက်နိုင်တဲ့ IQ အဆင့်ဆိုလည်း ဟုတ်တာပေါ့]

ကျမ့်ယိလင် ဒီလောက်နဲဲ့ မရပ်သေးပါ။ ကျမ့်ယုမင်နဲ့အတူတူ ရတနာသေတ္တာတွေထပ်ရှာဖွေလိုက်သည်။

ကျမ့်ယုမင် အတော်ဆိုးဆိုးရွားရွား နိုင်ချင်နေမှန်း ကျမ့်ယိလင်သိပါသည်။ ထို့ကြောင့် သူတို့အနိုင်ရရှိမှာ သေချာဖို့အတွက် သေတ္တာလုံလုံလောက်လောက် ဖွင့်ထားရမည်။

အရင်တစ်ခေါက် အပိုင်းကို ကြည့်ပြီးနောက် မေးခွန်းအများစုက စုံထောက်၊ သင်္ချာ၊ သိပ္ပံ၊ သမိုင်း စသည့် အမျိုးအစားများနဲ့ သက်ဆိုင်နေမှန်း သိလိုက်ရပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now