အခန်း(၂၄၇+၂၄၈)

1.1K 124 1
                                    

အခန်း(၂၄၇) ကျမ့်ယွင်နော် အမှန်တရားကို သိသွားခြင်း (၂)

အချိန်တွေကုန်လွန်သွားပြီး ကျမ့်ယိလင်နဲ့ ကျမ့်ယွင်နော်တို့အကြားက ရန်ပွဲမှာ ပိုပိုပြီး ပြင်းထန်လာခဲ့ပါသည်။

"နင်ကငါ့အစ်ကိုလေ! ငါ့စကားနားထောင်ရမှာပေါ့! နင့်အတွက် ဘယ်သူက ပိုအရေးကြီးတာလဲ။ ငါလား သူလား"

"ဘယ်လိုလုပ်ယှဉ်လို့ရမှာလဲ။ နင်က ငါ့ညီမ သူက ငါ့သူငယ်ချင်းလေ! နင်တို့နှစ်ယောက်ကြားထဲ ဘယ်လိုလုပ် ရွေးလို့ရမှာလဲ! ပြီးတော့ ငါ့တစ်သက်လုံး မိန်းကလေးတွေနဲ့ သူငယ်ချင်းမလုပ်ဘဲ နေသွားလို့မှ မရတာ! နင်အဲ့လောက် ဆင်ခြင်တုံတရား မနည်းစမ်းပါနဲ့"

"အေး ငါတော့ သဘောမတူနိုင်ဘူး! အခုတော့ သူ့အတွက်ကြောင့်နဲ့ ငါ့ကိုပါ နင်ပြန်အော်နေပြီ! သူက ပြည့်တန်ဆာမ! သူလုပ်တတ်တာဆိုလို့ ယောက်ျားတွေကို ဖြားယောင်းတာပဲ ရှိတာ! သူ့ကို အိမ်ထဲမှာတောင် ဆက်မထားချင်တော့ဘူး! ဘွားဘွားကို သွားပြောပြီး သူတို့ကို ကန်ထုတ်ခိုင်းလိုက်မယ်!"

"ကျမ့်ယိလင် နင်လုပ်ရဲလုပ်ကြည့်နော်! အဲဲ့လို ရူးရူးမိုက်မိုက်လုပ်မျိုး လုပ်ရဲလုပ်ကြည့်" ကျမ့်ယွင်နော် အော်လိုက်သည်။ ချက်ချင်းပဲ ကျမ့်ယိလင်ရဲ့ လက်ကိုဆွဲကာ ဆက်ပြောလိုက်ပါသည်။ "ဒီအလုပ်က ရှစ်ယွင်နဲ့ သူ့မိသားစုအတွက် အရမ်းအရေးကြီးတယ်! နင်မကြိုက်တာနဲ့ပဲ သူတို့မိသားစုကို ဖျက်ဆီးလို့မရဘူး!"

"ငါက ဘာကိုဖျက်ဆီးရမှာလဲ ငါ့က ကျမ့်ယိလင်၊ ကျမ့်မိသားစုရဲ့ သမီးပဲ! ငါမကြိုက်တဲ့ အစေခံကို ငါအလုပ်ဖြုတ်လို့ မရဘူးလား! သူ့အတွက်လည်း ဝမ်းမနည်းဘူး! သူ့ကို မသနားဘူး! သူ့ကို ကြည့်တောင် မကြည့်ချင်တော့တာ! ပြီးတော့ ငါ့ကို နင့်ညီမတစ်ယောက်အဖြစ် အသိအမှတ်ပြုသေးတယ်ဆိုရင် ချက်ချင်း သူနဲ့ အဆက်အသွယ်ဖြတ်လိုက်နော်! မဟုတ်ရင် ငါနင့်ညီမမဟုတ်တော့ဘူး! အဲ့ဒီ အစေခံမနဲ့ပဲ တစ်သက်လုံး သွားနေလိုက်တော့!"

ကျမ့်ယိလင် အလွန်ဒေါသတကြီးဖြင့် ကျမ့်ယွင်နော်ကို ရန်တွေ့လိုက်သည်။ မျက်နှာကလည်း ဒေါသကြောင့် နီရဲနေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now