အခန်း(၂၂၃) အော်ပရေးရှင်း (၂)
၅ နာရီလောက် အကြာကြီး စောင့်ပြီးနောက် ခွဲစိတ်ခန်း မီးအလင်းရောင်များ နောက်ဆုံးတော့ မှေးမှိန်သွားခဲ့ပါပြီ။
ထို့နောက် ကျမ့်ယွင်နော်ကို ခွဲစိတ်ခန်းထဲက ထုတ်လာကြသည်။ သူမေ့ဆေးရှိန်မပျယ်သေးပါ။
ကျမ့်ယွင်နော်ရဲ့လက်ကို အထူးကိရိယာတစ်ခုနဲ့ အုပ်ထားသည်။ ထို့ကြောင့် တကယ်တမ်းသူ့လက် ဘယ်ပုံဘယ်ဝါရှိမှန်း ဘယ်သူမှ မမြင်နိုင်ကြပေ။
ချန်းယွီက ကျမ့်မိသားစုတို့ထံလျှောက်လာပြီး ပြောလိုက်သည်။ "ခွဲစိတ်ကုသမှု အောင််မြင်ပါတယ်။ ဒါပေမယ့် မစ္စတာယွင်နော် နာလန်ပြန်ထူဖို့ အချိန်တော့လိုသေးတယ်။ အနာလုံးဝကျက်သွားရင် လက်ကို ပြန်လေ့ကျင့်ပေးဖို့လိုအပ်မယ်"
သူတို့သားလေး အဆင်ပြေကြောင်း ကြားလိုက်ရမှ ကျမ့်မိသားစုလည်း စိတ်အေးနိုင်တော့သည်။ ထို့နောက် သူတို့ ဒေါက်တာ F.S ကို လှမ်းရှာကြည့်လိုက်ကြ၏။
အော်ပရေးရှင်းခန်းထဲကိုပဲ ကြည့်ကြည့်နေတာကို ချန်းယွီ မြင်လိုက်ရသောအခါ သူတို့ ဒေါက်တာ F.S ကို ရှာနေကြတာဖြစ်မှန်း သိလိုက်ရပါသည်။
"ဒေါက်တာ F.S က တံခါးနောက်တစ်ချပ်ကနေ အော်ပရေးရှင်းခန်းထဲကထွက်သွားပါပြီဗျ" ချန်းယွီ ပြောလိုက်ပါသည်။ ဒေါက်တာ F.S ကို လူကိုယ်တိုင်တွေ့ဖို့ သူတို့ရဲ့ ကြိုးစားမှုများအား တားဆီးလိုက်ပါသည်
ထိုစကားတွေကိုကြားတာနဲ့ ကျမ့်မိသားစု အနည်းငယ် စိတ်ပျက်သွားရသည်။။ သို့သော်လည်း သူတို့ သားရဲ့ ခွဲစိတ်ကုသမှု အောင်မြင်သွားတာကိုတော့ အလွန် ပျော်ရွှင်မိပါသည်။ ထို့ကြောင့် စိတ်ပျက်ရတာထက် ပျော်ရတာက ပိုများပါသည်။
အော်ပရေးရှင်းခန်းနဲ့ ချိတ်ဆက်ထားတဲ့ အခန်းတစ်ခုထဲတွင် ကျမ့်ယိလင်လေးက ကုတင်တစ်လုံးပေါ် လှဲလျောင်းနေသည်။ သူမကို အားဆေးပုလင်း ချိတ်ထားရ၏။
မျက်နှာက ဖြူရော်နေပြီး မျက်နှာပေါ်မှာ ချွေးသီးချွေးပေါက်တွေ အများကြီး ရှိနေပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Lãng mạnအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။