အခန်း(၄၃၃) ကျမ့်ယုပေါ်ကို ကျိုက်ယွင်ရှန်းသွားတွေ့ခြင်း
ကျမ့်ယုပေါ်တည်းခိုနေသည့်ဟိုတယ်သို့ ကျိုက်ယွင်ရှန်း ရောက်လာခဲ့သည်။
ကျမ့်ယုပေါ်ကို တခြားသူတွေရှာရမလွယ်သော်လည်း ကျိုက်ယွင်ရှန်းကတော့ အလွယ်တကူ ရှာတွေ့နိုင်ပါသည်။၊
ကျမ့်ယုပေါ်က ကျိုက်ယွင်ရှန်း၏ ဦးလေးလက်အောက်မှာ အလုပ်လုပ်ဖူးတာကြောင့်ဖြစ်သည်။ ကျိုက်ယွင်ရှန်း၏ ဦးလေးကို ကျိုက်မိသားစု၏ ဒုတိယသခင်ကြီးဟုလည်း လူသိများကြပါသည်။
ကျမ့်ယုပေါ်က ကျမ့်မိသားစုပျိုးထောင်ပေးခဲ့သည့် ဝံပုလွေတစ်ကောင်ဖြစ်သည်။ သို့သော်လည်း သူ့လက်သည်းတွေ အစွယ်တွေကိုတော့ ကျိုက်မိသားစု ဒုတိယသခင်ကြီးက သွေးပေးခဲ့တာဖြစ်သည်။
ကျမ့်ယုပေါ် သူ့လက်အောက်မှာအလုပ်လုပ်ဖူးမှန်း ဦးလေးဖြစ်သူက ကျိုက်ယွင်ရှန်းကို ပြောလိုက်ပါသည်။ သူ့ဝံပုလွေလို စရိုက်မျိုးကြောင့် လက်ခံပေးခဲ့တာဖြစ်သည်။
နောက်တော့ ကျမ့်ယုပေါ်က ကိုယ်ပိုင်အိပ်မက်တစ်ခုခု ရှိလာသောအခါ ကျိုက်မိသားစုဒုတိယသခင်ကြီးက သူ့ကို မတားခဲ့ပါ။ ဝံပုလွေတစ်ကောင်ကို ပျိုးထောင်ပေးလို့ရသော်လည်း ချုပ်နှောင်ထားလို့တော့ မရပေ။
ကျမ့်ယုပေါ်နဲ့ ကျိုက်ယွင်ရှန်းတွေ့တော့ ဟိုတယ်ခန်းထဲက ပြင်သစ် ပြူတင်းပေါက်ရှေ့မှာထိုင်နေတာဖြစ်သည်။
သူ့ရှေ့မှာ ဂိုကစားနည်းဘုတ်ပြားတစ်ခုရှိသည်။ သို့သော်လည်း ကစားပွဲက ရှေ့မတိုးနောက်မဆုတ်သာ အခြေအနေ ဖြစ်နေပါသည်။
ပြူတင်းပေါက်၏ အပြင်ဘက်မှာတော့ စည်ကားနေသည့် မြို့ပြတစ်ခုရှိသည်။ ကားတွေနဲ့ တခြားယာဉ်တွေ အဆုံးမရှိအောင် စီးဆင်းနေကြသည်။
သို့သော် အခန်းထဲမှာတော့ အလွန်တိတ်ဆိတ်နေပါသည်။
ကျိုက်ယွင်ရှန်းရောက်လာမှန်း ကျမ့်ယုပေါ်သိပါသည်။ ကျိုက်ယွင်ရှန်းရောက်မလာခင် သူ့လက်ထောက်က ကြိုတင် အသိပေးထားတာကြောင့်ဖြစ်ပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romantizmအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။