အခန်း(၃၀၇+၃၀၈)

1.1K 129 2
                                    

အခန်း(၃၀၇) အခြေအနေပြောင်းလဲမှုက မိုရှစ်ယွင်ကို အရှက်ခွဲလိုက်သည့်အလား (၁)

ကျူးရှားပြောဆိုပြီးတာနဲ့ အားလုံး ကျမ့်ယိလင်ကို ဝေခွဲမရသည့်မျက်လုံးများဖြင့် ကြည့်လိုက်ကြပါသည်။

ဟူကျောင်းကျောင်းက ကျမ့်ယိလင်လက်ကို ကိုင်ပြီး သူမကိုဆွဲခေါ်သွားဖို့ ကြိုးစားပါသည်။

သူတို့ ၂ ယောက်စလုံးက စကားနိုင်လုရတာမတော်ကြပေ။ ကျူးရှားက သူတို့ ၂ ယောက်ပေါင်းထက် ပိုပြီး ရန်တွေ့နိုင်ပါသည်။

သို့သော်လည်း ကျမ့်ယိလင်က မုန့်စျေးတန်းထဲမှ ထွက်မသွားခဲ့ပေ။ ကျူးရှား၏ စကားလုံးများထံမှ အသုံးဝင်သည့် အချက်အလက်တချို့ကို ရလိုက်ခြင်းကြောင့်ဖြစ်ပါသည်။

မိုရှစ်ယွင်၏ Role လုယူခံလိုက်ရသည်။ သူတို့ ၂ ယောက်က သူမ လက်ချက်ကြောင့်ဟု သံသယဝင်နေကြသည်။

ကျမ့်ယိလင်က ဖုန်းထုတ်လိုက်ပြီး သူမကို အရင်တစ်ခေါက်က အနုပညာလောကထဲဝင်စေချင်သည့်လူအား မက်ဆေ့ပို့လိုက်ပါသည်။

တစ်ဖက်လူက ခပ်မြန်မြန်ပဲ စာပြန်ခဲ့သည်။ [အိုကေ။ ကျွန်မကို မိနစ်နည်းနည်းလောက် အချိန်ပေး။ ရှင့်အတွက် ဒီကိစ္စကို ရှင်းပေးမယ်]

ကျမ့်ယိလင် မက်ဆေ့ပို့နေချိန်တွင် ကျူးရှားက ကျမ့်ယိလင်အား ဝန်ခံခိုင်းနေသည်။

"ကျမ့်ယိလင် အခုမှ ရူးချင်ယောင် ဆောင်တော့မှာလား! နင့်ကိုယ်နင် စွန့်အနားမကြားလို ဟန်ဆောင်နေမှာလား။ အနည်းဆုံးတော့ နင်ပြန်မတောင်းပန်သင့်ဘူးလား"

"မတောင်းပန်ဘူး" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ သူမ ချက်ချင်း ငြင်းဆန်လိုက်သည်။ ဘာမှ ဆွေးနွေးဖို့ မလိုပါ။

လူအုပ်ကြားထဲကဖြတ်ပြီး ကျမ့်ယွင်နော်လည်း အပြေးအလွှားရောက်လာခဲ့သည်။ နေ့လည်စာစားချိန်ကတည်းက ကျမ့်ယိလင်လေးဘက်ကို သူမကြာခဏကြည့်နေခဲ့တာဖြစ်သည်။

"ကျူးရှား နင်ဘာမဟုတ်တာတွေ ပြောနေတာလဲ"

ကျမ့်ယွင်နော်၏ ရုပ်ချောချော မျက်နှာက ယခုတော့ မျက်မှောင်ကြုတ်နေပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now