အခန်း(၃၇၉+၃၈၀)

1.4K 139 4
                                    

အခန်း(၃၇၉) ဉာဏ်လျှင်မှုတိုက်ပွဲ (၃)

ကျမ့်ယိလင်ကတော့ မိုရှစ်ယွင်ကို သိပ်ပြီးအာရုံမစိုက်ပါ။

မိုရှစ်ယွင်ထွက်သွားတာကိုမြင်သောအခါ ကျမ့်ယိလင် မတ်တပ်ရပ်လိုက်ပြီး ရတနာသေတ္တာဆီကို သွားလိုက်သည်။ မေးခွန်းကပေးထားသည့် အချက်အလက်အားလုံးကို လှန်ကြည့်ခဲ့သည်။

ထို့နောက် ပါ့စ်ဝေါ့ကို ခပ်မြန်မြန်ရိုက်နှိပ်လိုက်ပြီး ရတနာသေတ္တာကို ဖွင့်လိုက်ပါသည်။

ကြာမြင့်ချိန် : ၇၅ စက္ကန့်

ထိုအချိန်ကို Netizen များက တိတိကျကျ သတ်မှတ်ထားခြင်းဖြစ်သည်။ အလွန်ဆုံး ၃ စက္ကန့်လောက်သာ ခြားနားနိုင်သည်။

ကျမ့်ယိလင် မေးခွန်းစဖတ်သည့်အချိန်ကစလို့ သေတ္တာကိုဖွင့်သည့်အချိန်အထိ စုစုပေါင်း ၇၅ စက္ကန့်သာ ကြာသည်။

သေတ္တာရှေ့မှာ မိုရှစ်ယွင်တွန့်ဆုတ်စွာ ရပ်နေခဲ့သည့် အချိန်တစ်နာရီနဲ့ယှဉ်လိုက်ပါက ဒီ ၇၅ စက္ကန့်က အလွန်အမင်း မြန်ဆန်လွန်းပါသည်။

ပရိတ်သတ်လည်း တုန်လှုပ်သွားသည်။ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်ရမှာတောင် နာကျင်ဖို့ကောင်းပါသည်။

မနေ့က ကျမ့်ယိလင်၏ IQ အလွန်မြင့်မှန်း သူတို့ သိထားပြီးသားဖြစ်သည်။ သို့သော်လည်း မိုရှစ်ယွင်၏ IQ နဲ့ ယှဉ်ကြည့်လိုက်သောအခါ ကျမ့်ယိလင်၏ ဉာဏ်ရည်က အဆပေါင်းများစွာတိုးမြင့်နေပါသည်။

ဒါကိုမြင်သောအခါ ကျမ့်ယုမင်၏ ပရိတ်သတ်များ အပျော်လွန်သွားသည်။

[ဘုရားရေ နည်းနည်းမြန်လွန်းမနေဘူးလား။ မင်ယုညီမဦးနှောက်က ကွန်ပျူတာလား ဘာလားပဲ]

[ဟားဟားဟား ဘာလို့လဲမသိဘူး ရယ်ချင်လာပြီ]

[မင်ယုညီမလေးက တော်လွန်းပါတယ်ကွာ! မိုရှစ်ယွင်ဆို အဲ့မေးခွန်းမှာ အချိန်တော်တော်ကြာအောင် ရုန်းကန်နေခဲ့ရတာ! ဒါပေမယ့် မင်ယုရဲ့ညီမလေးကတော့ တစ်ခါတည်း မှန်အောင်ဖြေသွားနိုင်တယ်! ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!]

[ဖြစ်ချင်တော့ တချို့လူတွေ IQ မြင့်တာက ကြက်ကန်းဆန်အိုးတိုးတာကိုး။ တစ်ဖက်မှာတော့ မင်ယု ညီမ IQ မြင့်တာကမှ အစစ်အမှန်ပဲ။ မနေ့က ရတနာသေတ္တာတွေအများကြီး ဖွင့်ပြီး ငါတို့ကို သက်သေပြထားပြီးသား]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now