အခန်း(၄၂၅) အရင်တုန်းက လုပ်ခဲ့သလို
ကျမ့်ယုပေါ်၏ အသံက ကြည်လင်ပြတ်သားသည်။
သို့သော် သူ့စကားလုံးတွေကြောင့် အစည်းအဝေးခန်းထဲက လူတွေအားလုံး တုန်လှုပ်သွားရသည်။
ကျမ့်ရှုရှင်းမဟုတ်ဘဲ ကျမ့်ရှုဟုံကို ဖြုတ်ခိုင်းတာလား။
သူအလုပ်ဖြုတ်ချင်တဲ့သူက ဦးလေးမဟုတ်ဘဲ သူ့အဖေလား!
ဟဲယန်မျက်နှာပေါ်က အပြုံးချက်ချင်း အေးခဲသွားသည်။
ပထမတော့ သူမ နားကြားမှားသည်ဟု ဟဲယန် သံသယဖြစ်မိသည်။ သို့သော်လည်း သူမလိုပဲ အံ့အားသင့်နေသည့် ယောက်ျားဖြစ်သူ၏ မျက်နှာကို မြင်မှ နားကြားမလွဲမှန်း သိလိုက်ရပါသည်။
"ယုပေါ် စကားပြောမှားတာလား။ ဘာလို့ မင်းအဖေကို အလုပ်ဖြုတ်ချင်တာလဲ" ဟဲယန် စိုးရိမ်စွာဖြင့် မေးလိုက်ပါသည်။
"မမှားပါဘူး။ သူ့ကို အလုပ်ဖြုတ်ချင်တာ" ကျမ့်ယုပေါ် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်ပါသည်။
ကျမ်ယုပေါ်က ကျမ့်ရှုဟုံကို အလုပ်ဖြုတ်ချင်နေတာ ဖြစ်သည်။ အားလုံး နဂိုမျှော်လင့်ထားတာနဲ့ တခြားစီ ဖြစ်နေ၏။
ကျမ့်မိသားစုဝင်အားလုံးလည်း တုန်လှုပ်သွားကြသည်။ ကျမ့်ယုပေါ်၏ လုပ်ရပ်များကို သူတို့နားမလည်နိုင်ကြတော့ပေ။
"ဘာလို့လဲ" ဟဲယန် မေးလိုက်ပါသည်။ သူမ မျက်နှာမှာ မှင်သက်မှုတွေနဲ့ ပြည့်နှက်သွားသည်။
"အကြောင်းအရင်းမရှိပါဘူး" ကျမ့်ယုပေါ် သွေးအေးစွာပဲ ပြန်ဖြေလိုက်ပါသည်။
"အဲ့တာ ဘာကိုဆိုလိုတာလဲ" ဟဲယန် အော်လိုက်ပါသည်။ သူမ ဒေါသစထွက်လာလေပြီ။
"သူက နင့်အဖေဟဲ့! နင်က ဥက္ကဌဖြစ်လာပြီး ပထမဆုံး လုပ်တဲ့လုပ်ရပ်က ကိုယ့်အဖေကိုယ် အလုပ်ဖြုတ်လိုက်တာလား! ငါ့ကိုအကြောင်းအရင်းတောင် မပြောပြဘူးလား!"
ကျမ့်ရှုဟုံလည်း သူ့သားကို ရီဝေစွာ ကြည့်ကာ ခက်ခက်ခဲခဲ မေးလိုက်ပါသည်။ "မင်းငါ့ကို မုန်းနေတာလား"
"မဟုတ်ပါဘူး"
ဘာအငြှိုးတရားမှ မရှိပါ။
သို့သော် သားအဖသံယောဇဉ်ဆိုတာမျိုးလည်း သိပ်မရှိပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။