အခန်း(၃၆၅) ဆရာရှန်းရဲ့ ဘက်လိုက်မှု
ချင်းယုဖန်နဲ့ ကျမ့်ယိလင်တို့ ယွီအိမ်တော်မှာ လာဆုံမိကြသည်။
ယွီအိမ်တော်ကိုရောက်မလာခင် ချင်းယုဖန် လှလှပပ ပြင်ဆင်လာမှန်း သိသာာပါသည်။ သူမ၏ မိတ်ကပ်များက ကျော့ရှင်းလှပပြီး အလယ်အလတ် အရှည်ရှိသည့် ဆံနွယ်များက ပခုံးထက်နားလေးတင် ကျနေသည်။ သူမ ဝတ်ဆင်ထားသည့်ပုံစံက ပြည့်စုံ ကျော့ရှင်းလှပါသည်။
တစ်ဖက်မှာတော့ ကျမ့်ယိလင်က ဆံပင်ကို သာမန် စုစည်းထားဆဲပင်။ ဘောင်းဘီရှည်နဲ့ လက်ရှည် အင်္ကျီတို့ကို ဝတ်ဆင်ထားသည်။ အရောင်အသွေးမဲ့စွာလည်း ဝတ်ဆင်ထားပါသည်။
ကျမ့်ယိလင်လက်ထဲမှာ ကာတွန်းရုပ်ပုံဖြင့် နေ့လည်စာဘူးတစ်ဘူးကို ကိုင်ထားမှန်း ချင်းယုဖန် သတိထားမိသည်။
သူမတွေးလိုက်မိ၏။ ဘယ်လောက် ကလေးဆန်ပြီး မရင့်ကျက်လိုက်သလဲ။ အသက် ၁၅ နှစ်တောင် ရှိနေပြီကို ကာတွန်းနေ့လည်စာဘူးတွေ သုံးတုန်းလား။
တစ်ဖက်မှာတော့ ယွီရှိ ခေါင်းကိုက်နေလေပြီ။ အစကတော့ နောက်ထပ်ပြိုင်ပွဲအတွက် ဆွေးနွေးဖို့ ကျမ့်ယိလင်လေးကိုသာ သူဖိတ်ထားတာဖြစ်သည်။
သို့သော်လည်း ချင်းယုဖန်က ဖိတ်ကြားခံရခြင်းမရှိဘဲ ရောက်ချလာခဲ့သည်။ သို့သော်လည်း သူမက ချင်းမိသားစုဝင်ဖြစ်သဖြင့် ဒီတိုင်းထွက်သွားဖို့ မောင်းထုတ်လိုက်လို့မရပါ။ သူမကို ယွီရှိ စော်ကားလို့ မရပေ။
ချင်းယုဖန်ရောက်နေသဖြင့် ဖလားလုပြိုင်ပွဲအတွက် အသေးစိတ်တွေကို နတ်ဘုရားလေးလင်နဲဲ့ ဆွေးနွေးလို့ မရတော့ပါ။
ချင်းယုဖန်က ဆရာရှန်းကြောင့်ရောက်လာတာ ဆိုတာလည်း ယွီရှိသိပါသည်။
သို့သော်လည်း ဆရာရှန်းက ချင်းယုဖန်ကို တွေ့ဖို့ စိတ်မဝင်စားပေ။ ချင်းယုဖန်အတွက်နဲဲ့ အနားယူနေသည့် ဆရာရှန်းအား သွားမနှိုးရဲပါ။
ချင်းယုဖန်ကလည်း အလောတကြီးပြန်ဖို့ အစီအစဉ် ရှိပုံမပေါ်ပေ။ ထို့အစား ယွီရှိကို စိတ်ရှည်ရှည်နဲ့ ပြောလိုက်ပါသည်။ "ကျွန်မ ဆရာရှန်းအတွက် လက်ဆောင်ယူလာခဲ့တယ်။ သူ့ကိုခေါ်ပေးလို့ ရမလား"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။