အခန်း(၃၅၁) ဟဲယန်ကို မိုရှစ်ယွင် ဆက်သွယ်လာခြင်း
မိုရှစ်ယွင် တကယ်ပဲ ကျောင်းခွင့်ရက်နည်းနည်းယူထားပါသည်။ ကျောင်းက အတင်းအဖျင်းများမှ ထွက်ပြေးချင်သည့်အပြင် သူမလုပ်စရာတစ်ခုခုလည်း ရှိနေတာကြောင့်ဖြစ်သည်။
ဟဲကျမ့်ကျွန်းကို မိုရှစ်ယွင် သွားတွေ့လိုက်၏။ သူမတို့သားအမိကို ယခုချိန်မှာ ဒုက္ခပေးနေလို့ ငွေအနည်းငယ်သာ ရနိုင်မည်ဟု ပြောလိုက်သည်။ သို့သော်လည်း အနာဂတ်တွင် သူမ ငွေတွေပိုရလာမှာဖြစ်သည်။ ထိုငွေတွေရလာပါက သူမတို့သားအမိဆီမှ ဟဲကျမ့်ကျွန်း ငွေတွေပိုရနိုင်မည်ဟု မိုရှစ်ယွင်ပြောလိုက်ပါသည်။
ဟဲကျမ့်ကျွန်းက သူမတို့သားအမိနဲ့ အတူတူမနေချင်မှန်း မိုရှစ်ယွင်သိပါသည်။ သူသာ အတူတူနေချင်ပါက လွန်ခဲ့တဲ့ နှစ်တွေတုန်းက မယားငယ်နဲ့ ထွက်ပြေးသွားမှာမဟုတ်ပေ။ ထိုအချိန်တုန်းက သူမတို့သားအမိကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ဖို့ ထားပစ်ခဲ့သည်။
ထို့ကြောင့် ဒီလိုပြဿနာလာရှာနေရသည့် အကြီးမားဆုံးအကြောင်းအရင်းတစ်ခုက ငွေကြောင့်သာဖြစ်မည်။
ဟဲကျမ့်ကျွန်း သူရှေ့က သမီးဖြစ်သူကို ကြည့်လိုက်သည်။ သူမစကားတွေကြောင့် အနည်းငယ် စိတ်ဝင်စားသွား၏။
ကျမ့်ယွင်ချန်းသူ့ကို ပေးထားသည့်ငွေက ကန့်သတ်ချက်ရှိသည်။ သို့သော်လည်း အနာဂတ်တွင် သူ့သမီးသာ အောင်မြင်လာပါက သူပုံမှန်ဝင်ငွေရသွားပါလိမ့်မည်။
ထို့အပြင် သူကအသက်လည်းကြီးလာပါပြီ။ သူ့မယားငယ်က ကလေးမမွေးသေးပါ။
သူ့မှာ ဒီသမီးတစ်ယောက်သာရှိသည်။ အနာဂတ်မှာ သူမကိုသာ အားကိုးရမှာဖြစ်သည်။ သူသာသေသွားပါက အသုဘချပေးမှာ မိုရှစ်ယွင်တစ်ယောက်တည်းသာ ရှိသည်။
နောက်ဆုံးမှာတော့ ဟဲကျမ့်ကျွန်း မိုရှစ်ယွင်ပြောတာကို သဘောတူလိုက်ပါသည်။ သူ့ပန်းတိုင်က သူ့မိန်းမနဲ့ သမီးကို နှောင့်ယှက်ဖို့မဟုတ်ပါ။ ငွေသာဖြစ်သည်။ ငွေအတွက် သူမပြောတာကို သဘောတူလိုက်ခြင်းဖြစ်သည်။ အနာဂတ်တွင် သူစားဖို့သောက်ဖို့ ငွေတွေလုံလုံလောက်လောက်ရှိလာပါလိမ့်မည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romantizmအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။