အခန်း(၃၀၉+၃၁၀)

1.5K 164 9
                                    

အခန်း(၃၀၉) အခြေအနေပြောင်းလဲမှုက မိုရှစ်ယွင်ကို အရှက်ခွဲလိုက်သည့်အလား (၃)

ကျူးရှားဘာပြောရမှန်းမသိတော့ပါ။ ဘေးပတ်လည်ကလူတွေရဲ့ သူမကိုစိုက်ကြည့်နေကြသည့်အကြည့်များကို ခံနိုင်ရည်မရှိပါ။ မုန့်စျေးတန်းထဲကသာ ထွက်ပြေးသွားချင်မိသည်။

သို့သော်လည်း ဒီလောက်လွယ်ပါ့မလား။

ကျမ့်ယိလင်ကို မေးခွန်းထုတ်နေခဲ့စဉ်တုန်းကတော့ သူမအလွန်ယုံကြည်ချက်တွေပြည့်ဝနေခဲ့သည်။ ထို့ကြောင့် သူမမှားမှန်းသိလိုက်ရမှ ထွက်ပြေးသွားလို့မရတော့ပေ။

ကျမ့်ယွင်နော်က မျက််နှာခက်ထန်စွာဖြင့် ကျူးရှားနဲ့ မိုရှစ်ယွင်တို့ကို သူ့ညီမလေးအား ပြန်တောင်းပန်ခိုင်းလိုက်သည်။ "အေး အခုနင်တို့ ယိလင်လေးကို ပြန်တောင်းပန်မှာလား"

ထိုတောင်းဆိုချက်က ကျူးရှား၏နှလုံးသားကို အလွန်အနေခက်စေသွားသည်။

သူမ အမြဲတမ်းကျမ့်ယိလင်ကို မုန်းခဲ့သည်။ အခုတော့ ထိုကောင်မလေးကို တောင်းပန်ရတော့မှာလား။

သို့သော် သူမရှေ့မှာရပ်နေသည့်လူက ကျမ့်ယွင်နော်ဖြစ်သည်။ သူက တောင်းပန်ခိုင်းခြင်းဖြစ်သည်။

သူမစိတ်ထဲ ပုရွက်ဆိတ်အကောင် ၁,၀၀၀ လောက် တွယ်တက်နေသလို ကျူးရှားခံစားလိုက်ရသည်။

မုန့်စျေးတန်းထဲကလူတိုင်းကလည်း သူမကို စိုက်ကြည့်နေကြပါသည်။ ကျူးရှားနဲ့ မိုရှစ်ယွင်တို့ ကျမ့်ယိလင်လေးအား ပြန်တောင်းပန်မည့်အချိန်ကို စောင့်နေကြပါသည်။

နှစ်ယောက်စလုံးက ကျမ့်ယိလင်လေး မလုပ်သည့်အရာကို စွပ်စွဲခဲ့ကြသည်။ ယခု အမှန်တရားထွက်လာပြီ ဖြစ်တာကြောင့် အနည်းဆုံး တောင်းပန်သင့်ပါသည်။

ထို့ကြောင့် ကျူးရှား အတင်းအကြပ် ကျမ့်ယိလင်ကို တောင်းပန်လိုက်ရပါတော့သည်။ "ကျမ့်ယိလင် ငါတောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"

သို့သော်လည်း သူမလေသံကိုကြည့်ခြင်းအားဖြင့် စိတ်ရင်းနဲ့တောင်းပန်သည်ဟု ဘယ်သူမှမထင်ကြပေ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now