အခန်း(၃၈၅+၃၈၆)

857 100 0
                                    

အခန်း(၃၈၅) ကျမ့်မိသားစု ပျိုးထောင်ခဲ့တဲ့ ဝံပုလွေ (၁)

အိမ်ထဲကထွက်လာတော့ ကျမ့်ယုပေါ် ချက်ချင်း မပြန်သေးပါ။

ညောင်ပင်ကြီးဆီသွားလိုက်ပြီး ကျောမှီထိုင်လိုက်ပါသည်။

သူ့မျက်နှာကို နူးညံ့သည့် လေပြည်လေး တိုးဝှေ့သွားသောအခါ မျက်လုံးများကို မှိတ်လိုက်သည်။ သူ့ပုံစံကြည့်ရတာ အိပ်ပျော်နေသလိုပင်။ မျက်နှာက အလွန်တည်ငြိမ်နေပါသည်။

ညာဘက်လက်ဖြင့် သူ့ဘယ်ဘက်လက်ကောက်ဝတ်မှာ ဝတ်ဆင်ထားသည့် ပုတီးစေ့ လက်ပတ်ကို ပွတ်သပ်လိုက်ပါသည်။

သူ့ခေါင်းထဲဝင်ရောက်လာသည့် ပုံရိပ်က ကျမ့်ယိလင်၏ ပုံရိပ်ဖြစ်သည်။ သူမကို ခုလေးတင် တွေ့ခဲ့ပါသည်။

တဖြည်းဖြည်းနဲ့ သူ့မျက်နှာထားက ပိုပိုပြီး အေးချမ်းလာသည်။

သို့သော်ရုတ်တရက်ကြီး သူ့စာအုပ်တွေနဲ့ ဂိုကစားနည်းမှတ်တမ်းတွေကို ဟဲယန် စုတ််ဖြဲနေသည့် ပုံရိပ်က သူ့ခေါင်းထဲ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

ထို့နောက် သူ့နောက်ကျောဘက်တွေ ရေနွေးပူလောင်သည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ဒီနှစ်ပေါင်းများစွာတိုင်အောင် သူ့နောက်ကျောဘက်က အမာရွက်က တဆစ်ဆစ် နာကျင်နေဆဲဖြစ်သည်။

ကျမ့်ယုပေါ်မျက်လုံးများ ရုတ်တရက်ပွင့်သွားသည်။ သူမတ်တပ်ရပ်လိုက်ပြီး ကျမ့်အိမ်တော်ဟောင်းမှ ထွက်ခွာသွားပါတော့သည်။

--- --- ---

ထိုနေ့ညနေခင်းက အဘိုးကျမ့်တစ်ယောက် သူ့စာကြည့်ခန်းထဲသို့ ကျမ့်ရှုရှင်းနဲ့ ကျမ့်ယွင်ချန်းတို့အား ခေါ်လိုက်သည်။

သုံးယောက်သား အဘိုးကျမ့်၏ စာကြည့်ခန်းထဲတွင် အချိန်အတော်ကြာ စကားပြောခဲ့ပါသည်။

ကျမ့်မိသားစု စီးပွားရေးက ပြဿနာအနည်းငယ် တက်နေသည်။ ယခုချိန်အထိ စီးပွားရေးကို ကျမ့်ရှုရှင်းနဲ့ ကျမ့်ရှုဟုံတို့က ကိုင်တွယ်ထားခြင်း ဖြစ်သည်။

လောလောဆယ် ပြဿနာကြီးကြီးမားမားတော့ မဟုတ်သေးပါ။

သို့သော်လည်း ဒီနေ့ အဘိုးကျမ့်ဆီကို ကျမ့်ယုပေါ် ရောက်လာခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now