အခန်း(၂၉၃) ကျိုက်ယွင်ရှန်းနဲ့ ကျမ့်ယိလင်
ညအချိန်တွင် ကျမ့်ယိလင် အိပ်စက်နေရာမှ ရုတ်တရက် လန့်နိုးလာခဲ့သည်။ အိပ်မက်တစ်ခုကြောင့် လန့်နိုးလာခဲ့ခြင်းဖြစ်ပါသည်။
အရင်က အိပ်မက်ပဲဖြစ်သည်။ ထိုအိပ်မက်ကို မက်တာ ၃ ကြိမ်တိတိရှိပါပြီ။
ကျမ့်ယိလင်လေး သူမရဲ့ ဂျပန်ရိုးရာစတိုင် အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဂျပန်ရိုးရာ ခြံဝန်းကြီးထဲကို ကြည့်လိုက်သည်။
ခြံဝန်းကြီးရဲ့ ဒီဇိုင်းက အလွန်အမင်း သေသပ်လှပါသည်။ လောလောဆယ် လရောင်က ခြံဝန်းကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပါသည်။
ခြံဝန်းကြီးထဲတွင် ကျိုက်ယွင်ရှန်းကို ကျမ့်ယိလင် မြင်လိုက်ရလေသည်။ ဘာကြောင့်မှန်းမသိဘဲ သူလည်း မအိပ်ဘဲနိုးနေပါသေးသည်။
ကျမ့်ယိလင် ကျိုက်ယွင်ရှန်းဆီသို့ လျှောက်သွားလိုက်သည်။
ကီမိုနိုနဲ့ ကျမ့်ယိလင်ကို မြင်တော့ ကျိုက်ယွင်ရှန်း အံ့အားသင့်သွားရသည်။
"နင်လည်း ဘာလို့မအိပ်သေးတာလဲ" ကျိုက်ယွင်ရှန်း ကျမ့်ယိလင်လေးကို မေးလိုက်ပါသည်။
"ကျွန်မကိုကျတော့ ယုန်လေးလိုဖြစ်အောင် မနေဖို့ပြောပြီး ရှင့်ကျတော့ အဲ့လိုဖြစ်အောင် နေနေတာလား" ကျမ့်ယိလင် အသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည်။ ကျိုက်ယွင်ရှန်းရဲ့ မေးခွန်းကို တိုက်ရိုက်ပြန်မဖြေချင်ပါ။ ထို့အစား ကြောင်သူတော်လုပ်နေတဲ့သူ့ကို ပြန်စွပ်စွဲလိုက်သည်။
ကျိုက်ယွင်ရှန်းလည်း ခပ်ပါးပါးရယ်မောလိုက်ရင်း ပြန်ပြောလိုက်လေသည်။ "ဝံပုလွေတွေက မနက်ပိုင်း ပုန်းခိုပြီး ညဘက်ကျမှ ထွက်လာတတ်တာသိလား။ သူတို့က ညဘက်မှ ကျက်စားကြတယ်လေ"
"ဒီလောက် အားပျော့တဲ့ဝံပုလွေတော့ မမြင်ဖူးဘူး" ကျမ့်ယိလင် ပြန်ပြောလိုက်သည်။ အရှိကို အရှိအတိုင်း ပြောလိုက်တာဖြစ်သည်။
"ငါ့ကို အားပျော့တယ်လို့ လာပြောနေတာလား" ကျိုက်ယွင်ရှန်း မေးခွန်းပြန်ထုတ်လိုက်ပါသည်။ သူ့မျက်လုံးထဲမှာ အန္တရာယ်အရိပ်အယောင်များ မြင်နေရသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romansaအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။