အခန်း(၂၀၇+၂၀၈)

1.3K 113 0
                                    

အခန်း(၂၀၇) အသာတကြည်လိုက်လျောခြင်း

"တစ်ယောက်ယောက်ကို ရေစိုခံ ပတ်တီးကပ်ခွာ ဝယ်ခိုင်းလိုက်" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ ဆေးသေတ္တာဗူးထဲမှာတော့ သူမ မမြင်မိပေ။

အစမှ အဆုံးအထိ ကျမ့်ယိလင်ရဲ့ တုန့်ပြန်မှုတွေက တော်တော်ကြီးကို တည်ငြိမ်လွန်းနေသည်။

သူမအတွက် ကျိုက်ယွင်ရှန်းက ယခင်ကုသပေးဖူးတဲ့ လူနာသိန်းဂဏန်းနဲ့ ဘာမှမကွာခြားပေ။

ခန္ဓာကိုယ်အပေါ်ပိုင်းက ဗလာကျင်းဖြစ်နေသော်လည်း သာမန် ခန္ဓာကိုယ်တစ်ခုသာဖြစ်သည်။

တစ်ဖက်မှာတော့ ကျိုက်ယွင်ရှန်းရဲ့ နားရွက်များ နောက်တစ်ခါ ထပ်မံနီရဲသွားရလေသည်။

ကျမ့်ယိလင်ပြောတာကို ကျိုက်ယွင်ရှန်းရဲ့ ဘောဒီဂတ် ကြားတာနဲ့ ချက်ချင်းပဲ ရေစိုခံပတ်တီးကပ်ခွာကို ချက်ချင်း သွားဝယ်ခိုင်းလိုက်ပါသည်။

ထို့နောက် ကျမ့်ယိလင်က ကျိုက်ယွင်ရှန်းကို စကား ဆက်ပြောလိုက်သည်။ လူနာတစ်ယောက်ကို ဒေါက်တာ တစ်ယောက်က ညွှန်ကြားချက် ပေးနေသလိုမျိုး ပြောနေခြင်းဖြစ်ပါသည်။

"နောက်တစ်ခါဆို ကျေးဇူးပြုပြီး သတိထားပေးပါ"

"အိုကေ" ကျိုက်ယွင်ရှန်း ပြန်ပြောလိုက်သည်။

"လောလောဆယ် ကိုယ့်ကိုယ်ကို ဂရုစိုက်လိုက်ဦး"

"အိုကေ" ကျိုက်ယွင်ရှန်း ထပ်ပြောလိုက်ပါသည်။ သူ့ကျန်းမာရေးကိုသူ ဂရုစိုက်ဖို့ သဘောတူလိုက်ပါသည်။

လောလောဆယ် ယွီရှိက သူတို့နှစ်ယောက်ဘေးနားမှာ ရပ်နေဆဲဖြစ်သဖြင့် ကျိုက်ယွင်ရှန်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါမည်ဟု သဘောတူလိုက်သံအား ကြားလိုက်ရသောအခါ အလွန် ကြည်နူးသွားပါသည်။ တကယ်တော့ ပျော်လွန်းသဖြင့် ငိုပင်ငိုချင်သွားသည်။

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်! နောက်ဆုံးတော့ ဆရာရှန်း စကားနားထောင်ဖူးပြီ! ကောင်းလိုက်တာကွာ!

ထို့နောက် ကျမ့်ယိလင်ကို ယွီရှိ မေးခွန်းတစ်ခု မေးလိုက်ပါသည်။ သူသိချင်နေခဲ့တာကြာပြီဖြစ်သည်။ "သြော်ဒါနဲ့ နတ်ဘုရားလေးလင်၊ ဆရာရှန်းကို ချွေးသုတ်ပေးနေတုန်းက သူ့ကို ကြောက်လား"

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now