အခန်း(၂၀၉+၂၁၀)

1.4K 125 8
                                    

အခန်း(၂၀၉) အော်ပရေးရှင်းမတိုင်ခင် ဆေးစစ်ချက်များ (၁)

ကျမ့်မိသားစုကို ချွေ့ယီကျန်း သွားရှုပ်လို့ မရသော်လည်း သာမန်သူဌေးမိသားစုလေးတစ်စုကိုတော့ ပြဿနာရှာလို့ရပါသေးသည်။

ထို့ကြောင့် ချွေ့ယီကျန်းစတင် ကြံစည်လေသည်။

ကျမ့်ယိလင်နဲ့တူတူထိုင်တဲ့ ကျောင်းသူရဲ့ မိသားစုက သာမန်မိသားစုတစ်စုသာဖြစ်သော်လည်း ကြံစည်တဲ့နေရာမှာတော့ ဘာခြေရာလက်ရာမှမကျန်အောင် သူမလုပ်ရမည်။

ထို့ကြောင့် သူမရဲ့ ရွေးချယ်ခွင့်များကို သေသေချာချာ ဆုံးဖြတ်ရမည်။ သူမ ထပ်ပြီး အဖော်ခံရမှာမျိုး မဖြစ်အောင် သေချာလုပ်ရမည်။

အရင် ၂ ခေါက်က ကျမ့်ယိလင်ကို သွားရှုပ်ပြီးနောက် သူမအဖေက ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သည်။ သူမပြဿနာသာ ထပ်ရှာပါက အပြစ်ဒဏ်တွေကို စဉ်းတောင်မစဉ်းစားကြည့်ချင်တော့ပါ။ ထိုနေ့ရက်တွေကို ထပ်ပြီးမဖြတ်သန်းချင်တော့ပါ။

--- ---- ---

လာမယ့် တနင်္ဂနွေနေ့က ကျမ့်ယွင်နော်ရဲ့ ခွဲစိတ်ကုသမှုရက်ဖြစ်သည်။ ထို့ကြောင့် ကျမ့်ယိလင် အဖွဲ့အစည်းကို ၁ ရက်လောက်စောစောသွားပြီး ခွဲစိတ်ကုသမှုမတိုင်ခင် နောက်ဆုံး ဆေးစစ်မှုပြုပေးဖို့ ဆုံးဖြတ်လိုက်ပါသည်။

ဆေးစစ်တာကို အမြဲတမ်း အဖွဲ့အစည်းမှတခြားသူတွေ လုပ်ခဲ့တာဖြစ်သော်လည်း ခွဲစိတ်ကုသမှုမတိုင်ခင် နောက်ဆုံးဆေးစစ်ချက်ကိုတော့ သူမကိုယ်တိုင် လုပ်မှဖြစ်ပါမည်။ ထို့ကြောင့် ကျမ့်ယိလင် ရှိနေဖို့ လိုအပ်သည်။

ခွဲစိတ်ကုသမှုကို ဆောင်ရွက်ပေးဖို့အတွက် ကျမ့်ယိလင် အဖွဲ့အစည်းမှာပဲ ညအိပ်လိုက်ဖို့ ဆုံးဖြတ်လိုက်၏။ သူမ အပြီးသပ်စရာအလုပ်တွေ အများကြီးကျန်ပါသေးသည်။

သို့သော်လည်း ကျမ့်ယိလင်က အသက် ၁၅ နှစ်အရွယ်သာ ရှိသေး၏။ ဒီအကြောင်းကိုသာ အမှန်တိုင်းပြောလိုက်ပါက အဘွားကျမ့် ကျိန်းသေ စိတ်ပူပါလိမ့်မည်။

ထို့ကြောင့် သူမရဲ့ဝမ်းကွဲအစ်ကို ကျမ့်ယုမင်ကို ဖုန်းဆက်ပြီး အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now