အခန်း(၃၄၅) ဘာလို့ငါ့ကို လှည့်စားတာလဲ
အန်းယန်လည်း ချက်ချင်းပဲ မိုရှစ်ယွင်၏ စာသင်ခန်းဆီ သွားခဲ့ပါသည်။ အန်းယန်ဝင်လာတာကို မြင်သောအခါ မိုရှစ်ယွင်၏ အတန်းဖော်များက အံ့အားသင့်ပြီး စိတ်ဝင်စားသွားကြသည်။
အန်းယန်က သူအသိအမှတ်ပြုထားတဲ့ ဘော့စ်ကို သွားတွေ့ရမှာမဟုတ်ဘူးလား။ ဘာလို့ သူတို့ အတန်းဆီ ရောက်လာတာလဲ။
မိုရှစ်ယွင်ဆီ အန်းယန်တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး သူမကို မေးလိုက်ပါသည်။
"နင်ဘာလို့ ငါ့ကို လှည့်စားတာလဲ"
အန်းယန်၏ မျက်လုံးများက ဒေါသကြောင့် တောက်လောင်နေပါသည်။
တခြားသူတစ်ယောက်သာဆို သူဒီလောက်ထိ ဒေါသထွက်မှာ မဟုတ်ပါ။
သို့သော်လည်း မိုရှစ်ယွင်ဖြစ်နေကြောင့်သာ။ မိုရှစ်ယွင်သူ့ကို လိမ်တာက ကြီးကြီးမားမား ကိစ္စ တစ်ခုဖြစ်သည်။
"ဘ... ဘာ?" မိုရှစ်ယွင် စကားထစ်သွားသည်။ ဒေါသထွက်နေသည့် အန်းယန်ကို သူမကြည့်လိုက်ပါသည်။ ရုတ်တရက်ကြီး သူမ ပြောစရာစကားပျောက်ဆုံးသွားခဲ့၏။
"နင်ဘာထင်လို့လဲ။ ကျမ့်မိသားစုက နင့်ကို မဟုတ်မမှန်စွပ်စွဲခဲ့တာလို့ နင်ပြောခဲ့တယ်လေ။ ဒါပေမယ့် နင့်အမေလက်တွေမသန့်ရှင်းတဲ့ ဗီဒီယိုသက်သေသူတို့ဆီမှာရှိနေတယ်။ ပြီးတော့ နင့်အမေလည်း အလိမ်အညာတွေ ပြောခဲ့တာ! ဒါတောင် သူတို့က နင်တို့ကို မဟုတ်မမှန်စွပ်စွဲပါတယ်လို့ ငါ့ကို ပြောခဲ့တယ်။ မျက်ရည်တွေပါကျပြပြီး ငါ့ကိုရင်ဖွင့်ခဲ့သေးတယ်။
နင်... နင်ငါ့ကို ကစားနေတာလား"
အန်းယန်က ဒေါသလည်းထွက် နာလည်း နာကျင်နေရပါသည်။
ဒီကောင်မလေးက သူတိတ်တဆိတ် ကာကွယ်ပေးချင်သည့် ကောင်မလေးဖြစ်သည်။
ဒါတောင် သူမက သူ့ကို ဒီလို လှည့်စားခဲ့သည်။
"ငါမလှည့်စားခဲ့ပါဘူး..." မိုရှစ်ယွင် အောက်နှုတ်ခမ်းကို ကိုက်ကာ မပြောလိုက်ပါသည်။ အန်းယန်၏ မေးခွန်းထုတ်မှုတွေနဲ့ ဘေးနားက ကျောင်းသားများ၏ စိုက်ကြည့်မှုတွေက သူမခန္ဓာကိုယ်ကို အေးစက်လာစေသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။