အခန်း(၃၉၇+၃၉၈)

899 95 1
                                    

အခန်း(၃၉၇) အရင်တုန်းကလိုပဲ

"အိုကေ" ကျမ့်ယိလင် ပြန်ဖြေလိုက်သည်။ သူမလည်း လူတွေဝိုင်းအုံနေတာကိုမကြိုက်ပေ။

ထို့ကြောင့် အားလုံးဘာမှ မတုန့်ပြန်နိုင်ခင်မှာပဲ မောင်နှမနှစ်ယောက် အခမ်းအနားထဲက အမြန်ပြေးထွက်သွားတော့သည်။

"ယိလင်! ယွင်မို!"

ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့ အော်ခေါ်လိုက်သော်လည်း နောက်ကျသွားပါပြီ။ မောင်နှမနှစ်ယောက် ထွက်ပြေးသွားတာကိုသာ ကြည့်နေရသည်။

"ဟာ... ဒီကလေးနှစ်ယောက်ကတော့! ဘာလို့ အခုထိမပြောင်းလဲသေးတာလဲ"

ဝမ်းနွမ် ငိုရခက် ရယ်ရခက်ဖြစ်သွားသည်။

ကျမ့်ယွင်မိုနဲ့ ကျမ့်ယိလင်တို့၏ ဆက်ဆံရေးက အရင်တုန်းကအတိုင်းပဲ ရှိပါသေးသည်။

ဆိုလိုတာက သူတို့သမီးလေး သူတို့ကို ပစ်ပယ်မသွားသေးပေ။

ကျမ့်ယွင်မိုနဲ့ ကျမ့်ယိလင်တို့ မီတာရာကျော်လောက် ပြေးပြီး ရပ်တန့်လိုက်ကြပါသည်။

မောင်နှမနှစ်ယောက်က အားကစားမထူးချွန်ကြပေ။ ထို့ကြောင့် နည်းနည်းလောက်ပြေးပြီးနောက် ဟောဟဲ ဆိုက်ကုန်ကြသည်။

ကျမ့်ယိလင်မျက်နှာ နီရဲနေသည်။ ကျမ့်ယွင်မို ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ငါတို့ထွက်ပြေးလာပြီဆိုတော့ ဒီနေ့ ပျော်ပျော်နေရအောင်"

အရင်တုန်းကဆို ဒီလိုအခြေအနေမျိုးက အဆူခံရမည့် အခြေအနေဖြစ်သည်။

သို့သော် အဆူခံရသော်လည်း အကြိမ်ကြိမ် ထပ်လုပ်မိနေဆဲပင်။

ထိုအချိန်တုန်းက ကျမ့်ယိလင် အလွယ်ငယ်သေးသည်။ ကျမ့်ရှုရှင်းနဲ့ ဝမ်းနွမ်တို့က ကျမ့်ယိလင်ကို လူထူထပ်သည့်နေရာများသို့သွားခွင့် မပြုပါ။ အစားအသောက်လမ်းများ၊ အပန်းဖြေ ပန်းခြံများ၊ စျေးတန်းများအား သွားခွင့်မပြုပါ။

သို့သော်လည်းကျမ့်ယိလင်လေးက စပ်စုတတ်ပြီး အပြင်သွားရတာကြိုက်သည်။

ထို့ကြောင့် သူမအစ်ကိုလတ်ကို နားပူနားဆာလုပ်ခဲ့သည်။

ကျမ့်ယွင်မိုကလည်း သူ့ညီမလေး၏ ချစ်ဖို့ကောင်းပြီး မျက်ရည်ဝဲနေသည့် မျက်နှာဖြင့် တိုက်ခိုက်မှုတွေကို တစ်ခါမှမခုခံနိုင်ခဲ့ပါ။ ထို့ကြောင့် သူမသွားချင်သည့်နေရာတိုင်းကို သူခေါ်သွားပေးခဲ့သည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now