အခန်း(၃၄၁) နောက်လိုက်လိုသေးလား (၁)
အန်းယန်ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ဖန်သားပြင်တစ်ခုလုံး [ဘော့စ်] ဟူသည့် စကားလုံးများဖြင့် ပြည့်နှက်သွားသည်။
တကယ်တော့ နောက်လိုက်ဖြစ်ခွင့်ပေးဖို့ တောင်းဆိုနေကြသူတွေတောင် ရှိပါသေးသည်။
[ဘော့စ် ငါ့ကိုခေါ်ပါ။ ကျေးဇူးပြုပြီး ငါ့ကို ကူကစားပေးပါဦး။ ငါ့ကိုကူကစားပေးရမှာ သိပ်မပင်ပန်းပါဘူး!]
[ဘော့စ် နောက်လိုက် ၂ ယောက်လောက် ထပ်ခေါ်ပါဦးလား။ အများကြီးလေးစားပါတယ်!]
[ဘော့စ် ကျွန်တော့်ကို elo တက်အောင် ကူညီပေးပါဦး! ဘော့စ်ရဲ့ ပရိတ်သတ်ပါ! ဘော့စ်ထက် ၂ နှစ်ပိုကြီးပေမယ့် မောင်လေး လုပ်ပေးပါ့မယ်!]
[...]
အန်းယန်ဘက်တွင် သူ့နောက်က နောက်လိုက် ၂ ယောက် အနေခက်စွာ ရပ်နေကြသည်။
သူတို့ ဘာလုပ်ရမှန်း မသိကြတော့ပေ။
အန်းယန်က သူတို့ဘော့စ်ဖြစ်သည်။ ယခုသူတို့ဘော့စ်က ရှုံးသွားပြီဖြစ်သဖြင့်... တခြားတစ်ယောက်ယောက်ကို သူ့ဘော့စ်အဖြစ် အသိအမှတ်ပြုရတော့မည့်သဘောဖြစ်ပါသည်။
ပိုဆိုးတာက သူရှုံးသွားသည့်လူမှာ ဘယ်လိုကြည့်ကြည့် ဘော့စ်တစ်ယောက်နဲ့ တူမနေပါ။
"ညီကိုယန် အဲ... ငါတို့ဒီတိုင်းမေ့လိုက်ကြရအောင်လား"
"ဟုတ်တယ် ဟုတ်တယ် ညီကိုယန်။ ဒီတိုင်း ဟာသအဖြစ် ပြောခဲ့တာလို့ ပြောလိုက်လေ။ ဒီတိုင်း ရှုံးတာကို ဝန်ခံပြီး ရယ်ရယ်မောမော လုပ်လိုက်။ ကျမ့်ယိလင်လို လူမျိုးကို ဘော့စ်လိုခေါ်စရာအကြောင်းမရှိပါဘူး!"
အန်းယန်၏ နောက်လိုက်နဲ့ သူငယ်ချင်းများက အန်းယန်ကို အကြံစပေးကြသည်။ အန်းယန်၏ ပြောပြီးသားစကား ပြန်မရုတ်သိမ်းတတ်သည့် ခံယူချက်ကို သိသိကြီးနဲ့ ပြောနေကြခြင်းဖြစ်သည်။
သို့သော်လည်း နောက်ပိုင်း ကလေးမလေးတစ်ယောက်ခိုင်းတာကို နားထောင်ရမှာထက်တော့ ပိုသာတယ် မဟုတ်လား။
အန်းယန်တစ်ယောက် သူဂုဏ်အယူရဆုံးဂိမ်းမှာ ရှုံးနိမ့်သွားလိမ့်မည်ဟု သူတို့ ဘယ်တော့မှတွေးမိကြမှာ မဟုတ်ပေ။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။