အခန်း(၃၈၇) လှည့်စားခံရမှန်းမသိတဲ့ ငတုံးမလေး
ထို့ကြောင့် သူမ၏ အကူအညီကိုလိုအပ်မည့် အရာတစ်ခုခု ကျိုက်ယွင်ရှန်းပြောမှာကို ကျမ့်ယိလင် စောင့်နေခဲဲ့ခြင်းဖြစ်သည်။ သူနဲ့ မျှမျှတတ အပေးအယူ လုပ်ချင်တာဖြစ်ပါသည်။
မဟုတ်ပါ သူမခံစားရမှာက...
ကျမ့်ယိလင် ဘယ်လိုခံစားရသလဲဆိုတာ ရှင်းမပြတတ်ပါ။ သူမကို ကူညီထားတာတွေအတွက် ကျေးဇူးပြန်မဆပ်ပါက သူတို့ဆက်ဆံရေး ထူးဆန်းနေလိမ့်မည်ဟု ခံစားမိခြင်းသာ ဖြစ်သည်။
ယခု ကျိုက်ယွင်ရှန်းက သူမနဲ့ အဖွဲ့အစည်း၏ ဆက်နွယ်မှုကို သိသွားပြီဖြစ်သဖြင့် သူမလုပ်နိုင်သည့် အရာတွေအများကြီးရှိမှန်းလည်း သိထားပြီးလောက်ပါပြီ။ ဆိုလိုတာက သူ့အတွက် တန်ဖိုးရှိမည့်အရာတစ်ခုခုကို ကျမ့်ယိလင်ထံမှ တောင်းဆိုလို့ရသည်။
ကျိုက်ယွင်ရှန်း သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်ပါသည်။ သူမမျက်နှာထားက အလွန် ခေါင်းမာမည့်ပုံစံမျိုး။ သူလည်းဒေါသထွက်နေပါသည်။ သို့သော် ဒေါသကို ထုတ်ပြလို့မရပါ။
သူ့ကို ဆူလို့လည်းမရ ရိုက်လို့လည်းမရပါ။
"အေးဒါဆိုလည်း ပြင်ပပြိုင်ပွဲမှာ ပထမဆုရအောင် ယူကြတာပေါ့!" ထိုစကားလုံးတွေကို ကျိုက်ယွင်ရှန်း အံကြိတ်ရင်းပြောလိုက်ခြင်းဖြစ်သည်။
ဒီ့ထက်ပိုတန်ဖိုးနည်းတာကို တောင်းဆိုလိုက်ပါက ကျမ့်ယိလင် လက်ခံမှာ မဟုတ်ပေ။ ဒီတိုင်း သူမကို စိတ်မပါလက်မပါ အကူအညီတောင်းနေသည်ဟုသာ ပြန်ပြောလိမ့်မည်။ ဒီလိုသာဆို တောင်းဆိုမှုက အရာမြောက်မှာ မဟုတ်ပေ။
သို့သော် ဒီ့ထက်ပိုများတာကို တောင်းဆိုလိုက်ပြန်ရင်လည်း သူမ ခြေကုန်လက်ပန်း ကျသွားလိမ့်မည်။
သူမလုပ်တတ်တာဆိုလို့ တစ်ညလုံးမအိပ်ဘဲ အလုပ်လုပ်တာသာရှိသည်။
အမြဲတမ်း တစ်ယောက်ယောက်အတွက် တစ်ခုခုကို လုပ်နေသူဖြစ်သည်။
သူမ အရပ်ပိုရှည်အလာချင်ဘူးလား။ အရွယ်တောင် မရောက်သေးဘဲ ပိုအိုသွားချင်လို့လား။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။