အခန်း(၃၃၅+၃၃၆)

1K 122 0
                                    

အခန်း(၃၃၅) ဒီအုပ်ထိန်းသူလေးက ချောလိုက်တာ

တစ်ဖက်မှာတော့ ကျမ့်ရှုရှင်းနဲ့ ကျမ့်ယွင်ချန်းတို့နှစ်ယောက် ကျမ့်ယိလင်လေး၏ စာသင်ခန်းကို ရောက်လာကြသည်။

အုပ်ထိန်းသူတစ်ယောက်အတွက် ထိုင်ခုံတစ်လုံးသာ ပြင်ဆင်ပေးထားသဖြင့် ကျမ့်ယိလင်လေး၏ ခုံမှာ ကျမ့်ရှုရှင်း ထိုင်လိုက်ပါသည်။ ကျမ့်ယွင်ချန်းကတော့ စာသင်ခန်းတံခါးဝမှာ မတ်တပ်ရပ်နေပါသည်။

ဆရာမဝင်လာသောအခါ တံခါးနားမှာ ရပ်နေသည့် ခပ်ချောချောကောင်လေးအားမြင်သွားပါသည်။

ဆရာမကလည်း ငယ်ရွယ်ပြီး အိမ်ထောင်မကျသေးသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ဒီလို ရုပ်ချောချောကောင်လေးကိုမြင်သောအခါ သူမပါးတွေ တားမရအောင် နီရဲသွားလေသည်။

မိဘဆရာတွေ့ဆုံပွဲစတင်သောအခါ စာသင်ခန်းထဲရှိ မိဘအများစုက ကျမ့်ယွင်ချန်းကို မကြာခဏ လှမ်းလှမ်းကြည့်ကြသည်။

ဒီနေ့ မိဘဆရာတွေ့ဆုံပွဲကျင်းပဖို့အတွက် လုပ်အားပေးကူညီရန် ကျောင်းလာခဲ့ကြသည့် ကျောင်းသားတချို့က ကျမ့်ယွင်ချန်းကို ဓာတ်ပုံတောင် ခိုးရိုက်သွားကြသေးသည်။ ထို့နောက် ဓာတ်ပုံကို ကျောင်း Forum ပေါ်မှာ တင်လိုက်ပါသည်။

[စာသင်ခန်း(၈) ဝင်ပေါက်နားမှာ အရမ်းချောတဲ့ကောင်လေးတစ်ယောက် ရောက်နေတယ်။ ဘယ်သူ့ အုပ်ထိန်းသူလဲ]

မကြာမီ အောက်ဘက်မှာလည်း ကောမန့်တွေ ဖောဖောသီသီ တက်လာပါသည်။

[ဘုရားရေ ချောလိုက်တာဟယ်! သူ့ပုံစံက စတိုင်ကျမယ့်ပုံစံမျိုး!]

[ဒရမ်မာတွေထဲက ရုပ်ချောပေမယ့် အာဏာကြီးတဲ့ စီအီးအိုတွေလိုမျိုးပဲ!]

[စာသင်ခန်း(၈)က လူတွေ သူ့ကိုသိရင် ကျေးဇူးပြုပြိး ပြောကြပါ! ဘယ်သူမှမသိရင် ငါယူမယ်! ငါအိမ်ကို ခေါ်သွားမယ်!]

အားလုံးခန့်မှန်းသုံးသပ်နေကြစဉ် နောက်ဆုံးတော့တစ်ယောက်ယောက်က သူတို့ကို အမှန်တရား ပြောလိုက်ပါသည်။

[လျှောက်တွေးမနေကြနဲ့တော့ သူက ကျမ့်ယွင်ချန်း။ ကျမ့်ယိလင်ရဲ့ အစ်ကို]

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now