အခန်း(၂၆၅+၂၆၆)

1.1K 122 1
                                    

အခန်း(၂၆၅) ရိုက်ကူးရေးစတူဒီယိုမှာ တွေ့ဆုံခြင်း (၁)

စီနီယာအထက်တန်းနောက်ဆုံးနှစ် စာထူးချွန်သူများအတန်းတွင် ကျမ့်ယွင်နော်နဲ့ မိုရှစ်ယွင်တို့ကြားက ဆက်ဆံရေး တစ်ခုခုယိုယွင်းသွားတာကို အားလုံးခံစားမိကြပါသည်။

သို့သော်လည်း ကျမ့်ယွင်နော်နဲဲ့ မိုရှစ်ယွင်တို့အကြားက ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်တာကြောင့် ကျောင်းသားအများစုက ဘယ်သူ့ကိုမှ သွားမမေးချင်ကြပါ။

သို့သော် ကျူးရှားကတော့ ဒီကိစ္စနဲ့ပတ်သတ်ပြီး အတော်စပ်စုချင်နေသည်။ ထို့ကြောင့် မိုရှစ်ယွင်နောက်ကို ပြေးလိုက်ကာ မေးခွန်းတွေ မေးမြန်းလိုက်ပါသည်။

ကျူးရှားရဲ့ မေးခွန်းကိုကြားသောအခါ မိုရှစ်ယွင်က တစ်ယောက်နဲ့တစ်ယောက် မတွေ့တာကြာလို့ သူစိမ်းဆန်သွားသည်ဟုသာ ပြန်ဖြေခဲ့ပါသည်။

ထို့နောက် ကျူးရှားနောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ "နင့် News Feed ပေါ်က ဓာတ်ပုံက တကယ်ကြီးလားဟင်။ တကယ်ကြီး နင်မနေ့က ကြော်ငြာရိုက်ခဲ့တာလား"

မနေ့ညက မိုရှစ်ယွင် Status တစ်ခု ပို့စ်တင်ခဲ့သေးသည်။

[ပရော်ဖက်ရှင်နယ် ကင်မရာရှေ့မှာ မတ်တပ်ရပ်ဖူးတာ ပထမဆုံးအကြိမ်ပဲ။ စိတ်တော်တော်လှုပ်ရှားနေတယ်။ ဒီရိုက်ကူးရေး အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်]

"အင်း"

သို့သော်လည်း မိုရှစ်ယွင်က ရိုက်ကူးရေးနောက်ကွယ်က အသေးစိတ်အကြောင်းအရာများကို မပြောပြခဲ့ပေ။ လင်မယားနှစ်ယောက်ဆီက အကူအညီရခဲ့မှန်း သူမသူငယ်ချင်းကို မပြောပြခဲ့ပါ။

မိုရှစ်ယွင်တွင် အတော်လေးဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်မျိုးရှိသည်။ ထို့အပြင် ဓာတ်ပုံရိုက်လို့လည်းလှပါသည်။

အရင်တစ်ခေါက်က မစ္စချမ့်ကို မိုရှစ်ယွင်ကူညီပေးခဲ့သဖြင့် မစ္စချမ့်က သူမကို သာမန်ကြော်ငြာတစ်ပုဒ်ရိုက်ကူးဖို့ ထောက်ခံချက်ပေးခဲ့ပါသည်။ အနုပညာလောကထဲတွင် မစ္စချမ့်အဆက်အသွယ်အများကြီးရှိသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now