အခန်း(၃၃၁+၃၃၂)

1.1K 132 2
                                    

အခန်း(၃၃၁) ကျိုက်ယွင်ရှန်းရှေ့ သရုပ်မှန်ပြခြင်း (၃)

ကျမ့်ယိလင်လေးက ပီပီသသ၊ ယုတ္တိရှိရှိ၊ စနစ်တကျ ပြောလိုက်ခြင်းဖြစ်သည်။

ယွီရှိမျက်လုံးတွေ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရသည်။ သူ့ရှေ့ကလူက နတ်ဘုရားလေးလင်ဆိုတာကို မယုံကြည်နိုင်တော့ပါ။

နတ်ဘုရားလေးလင် ဘယ်တုန်းက စကားကို ဒီလောက်မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ပြောတတ်သွားတာလဲ။ ဘယ်တုန်းကတည်းက စကားတွေဒီလောက်အများကြီး တစ်ပြိုင်တည်းပြောတတ်သွားတာလဲ။

နတ်ဘုရားလေးလင်က အမြဲတမ်းစကားကို တတ်နိုင်သမျှ အနည်းဆုံးပြောတတ်သူဖြစ်သည်။ သူမစကားလုံးတစ်လုံးချင်းစီတိုင်းကို ရွှေလို တန်ဖိုးထားသည်။

ယွီရှိ အမြန်ပြေးသွားပြီး ကျမ့်ယိလင်လေးမျက်နှာပေါ်က ခွဲခန်း Mask ကိုချွတ်ကြည့်ချင်မိသည်။ တကယ် နတ်ဘုရားလေးလင်ကော ဟုတ်ရဲ့လား သိချင်တာကြောင့်ဖြစ်ပါသည်။

သို့သော်လည်း ယွီရှိလုပ်ဖို့မလိုပါ။ သိပ်မကြာခင်မှာပဲ ကျမ့်ယိလင်လေးက ကိုယ့်ဖာသာကိုယ် ခွဲခန်း Mask ကို ချွတ်လိုက်သည်။

ထို့နောက် လက်ဆေးလိုက်ပြီး အဝတ်အစားပြန်လဲလိုက်သည်။ ခန္ဓာကိုယ်ကို ပိုးသတ်ပြီးနောက် ကျိုက်ယွင်ရှန်းတို့ကို ကြည့်လိုက်ပါသည်။

သူတို့ကို ကျယ်ကျယ်ဝန်းဝန်း၊ တောက်တောက်ပပမျက်လုံးအစုံဖြင့် ကြည့်လိုက်ခြင်းဖြစ်သည်။

လူအရိုးတွေကို စစ်ဆေးခဲ့သည့်ပုဂ္ဂိုလ်နဲ့ သူ့ရှေ့မှာ အခုရပ်နေသည့် ပုဂ္ဂိုလ်တို့က တစ်ယောက်တည်းပဲဆိုတာ ယွီရှိ လက်မခံနိုင်ဖြစ်နေပါသည်။

ကျိုက်ယွင်ရှန်းက မပြုံးမိအောင် ကြိုးစားလိုက်သည်။ ထို့ကြောင့် သူ့တုန့်ပြန်မှုက ယွီရှိလောက်တော့ မသိသာပေ။

သူတို့နှစ်ယောက်နောက်မှာတော့ သခင်ကြီးကျိုက်ရှိသည်။ သူ့ရှေ့က အဖြစ်အပျက်များကို စိတ်ဝင်တစား စောင့်ကြည့်နေပါသည်။

သခင်ကြီးကျိုက်အတွက်တော့ ကလေးမလေးတစ်ယောက် မှုခင်းသိပ္ပံပညာရှင်ဖြစ်နေတာက သိပ်ပြီးမထူးဆန်းပါ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now