အခန်း(၃၇၃) ကျမ့်ယုမင်အနိုင်ရအောင် ကူညီခြင်း (၁)
လူသူကင်းမဲ့ကျွန်းတွင် လှေကမ်းကပ်ခဲ့သည်။
အားလုံးလှေပေါ်က ဆင်းလိုက်ကြတော့ အထီးကျန်ဆန်ပြီး လူသူကင်းမဲ့နေသည့် ကျွန်းကြီး၏ ကြိုဆိုမှုကို ခံလိုက်ရသည်။
ထုတ်လုပ်ရေးအဖွဲ့က ဒီကျွန်းကို ကြိုတင်စစ်ဆေးထားပြီးသားဖြစ်ပါသည်။ ဧည့်သည်များ၏ လှုပ်ရှားမှုကို ရိုက်ကူးဖို့ ကင်မရာများစွာကို တပ်ဆင်ထားသည်။
ထို့အပြင် ဆယ်လီတွေ စူးစမ်းရှာဖွေရမည့် ပဟေဠိတွေလည်း ကျွန်းပေါ်မှာ ရှိနေပါသည်။
အားလုံးကျွန်းပေါ် ရောက်သောအခါ ပထမဆုံးဖြေရှင်းရမည့်ပြဿနာက ဘာစားရမလဲဆိုတာပင်။
စောစောတုန်းက ပစ္စည်းရွေးချယ်သောအခါ လူတချို့က အစားအသောက်တွေရွေးချယ်ကြသည်။ ထို့ကြောင့် ပထမဆုံးတစ်နပ်ကိုတော့ စိတ်ပူစရာမလိုပေ။ ထိုလူတွေက ညအချိန် ခိုလှုံစခန်းချဖို့ နေရာတစ်ခု စတင်ရှာဖွေပါသည်။
ကျမ့်ယုမင်နဲ့ ကျမ့်ယိလင်တို့ ကျောပိုးအိတ်ထဲမှာ ဘာစားစရာမှ မပါပေ။ ထို့ကြောင့် သူတို့ ပထမဆုံးရှင်းရမည့် ပြဿနာက ဘာစားကြမလဲဆိုတာသာဖြစ်သည်။
ကျမ့်ယုမင် အတော်လေးကို စိုးရိမ်နေပါသည်။ သူ့ညီမလေးအတွက် စားစရာဘယ်ကသွားရှာရမလဲ ခေါင်းခဲကာ စဉ်းစားနေရသည်။
ကျွန်းပေါ်မှာ ဖွက်ထားသည့် စားစရာတွေတော့ ကျိန်းသေရှိပါလိမ့်မည်။
သို့သော်လည်း အစားအစာတွေကို အချိန်မှီ ရှာမတွေ့မှာ စိတ်ပူမိသည်။ အစားအစာရှာဖို့အတွက်နဲ့ ကျွန်းမှာ လှည့်လည်သွားလာရင်း နာရီနဲ့ချီပြီး မဖြုန်းတီးချင်ပါ။ သူပြန်လာတဲ့အချိန် ယိလင်လေး အစာငတ်သေသွားရင် ဘယ်လိုလုပ်မလဲ။
ကျမ့်ယုမင် စိုးရိမ်ပူပန်နေစဉ် ကျမ့်ယိလင်လေးက ကမ်းခြေဆီလျှောက်သွားလိုက်ပါသည်။ ယခု ဒီရေကျနေချိန်ဖြစ်သည်။ ဂုံးယောက်မ၊ ယောက်သွားနဲ့ တခြား အခွံမာကောင်တွေကို စတင်ရှာဖွေလိုက်သည်။
ပထတော့ ကျမ့်ယိလင်လေး ဒီတိုင်းတူးချင်တာတူးနေသည်ဟု ကျမ့်ယုမင်ယူဆလိုက်မိသည်။ သို့သော်လည်း သူမ အခွံမာကောင်တွေတစ်ကောင်ပြီးတစ်ကောင် တူးနေတာကိုမြင်သောအခါ သူ့ညီမလေး ဝါသနာပါတာကို သိလိုက်ရပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။