အခန်း(၃၇၁) Reality Show မှာ ကျမ့်ယိလင်ပါလာပြီ
Reality Show ၏ ဒုတိယပိုင်း ရိုက်ကူးရေးစတင်ပါတော့မည်။
ဒီတစ်ခေါက် ပါဝင်သူအားလုံးက လူသူကင်းမဲ့သည့် ကျွန်းတစ်ကျွန်းဆီ သွားကြရမည်။
အားလုံး ဆိပ်ခံတံတားတစ်စင်းတွင် စုစည်းလိုက်ကြသည်။
ဆိပ်ခံတံတားတွင် ကမ်းကပ်ထားသည့် လှေတစ်စင်းရှိသည်။ ထိုလှေဖြင့် သူတို့ကို လူသူကင်းမဲ့သည့်ကျွန်းဆီ ခေါ်သွားမှာဖြစ်သည်။
ကျမ့်ယုမင်နဲ့ ကျမ့်ယိလင်တို့ နောက်ဆုံးမှရောက်လာကြသည်။
သူတို့ ရောက်လာကြသောအခါ တခြား ၇ ဖွဲ့က သူတို့ကို စောင့်နေကြပါသည်။
၎င်းတို့အနက် မိုရှစ်ယွင်နဲ့ သူမအမေ မိုဟွေ့ချင်းတို့လည်း ပါသည်။
ဟဲယန်ကျေးဇူးကြောင့် မိုဟွေ့ချင်းကိုပါ မိုရှစ်ယွင် ခေါ်လာနိုင်ခဲ့သည်။ မိုဟွေ့ချင်း၏ ခိုးယူမှု ကိစ္စကိုလည်း ဟဲယန်က ကူညီဖြေရှင်းပေးခဲ့သည်။
ကျမ့်ယွင်ချန်းလက်ထဲမှာရှိနေသည့် ခိုးယူမှုသက်သေကိုဖျက်ဆီးဖို့ ဟဲယန်မှာ နည်းလမ်းတွေရှိနေတာကို မိုရှစ်ယွင်တောင် အံ့အားသင့်ခဲ့ရပါသည်။
ဟဲယန်ကို ချဉ်းကပ်ခဲ့တုန်းက မိုရှစ်ယွင် ဒီလိုမတွေးခဲ့မိပါ။
ဟဲယန်ဘယ်လိုလုပ်လိုက်သလဲဆိုတာ မိုရှစ်ယွင်နားမလည်ပေ။ သူမဒီလောက် အစွမ်းအစရှိပါက ဘာကြောင့် နှစ်ပေါင်းများစွာတိုင်အောင် တခြားကျမ့်မိသားစုတွေဖိနှိပ်တာကို ခံခဲ့ရတာလဲ။
ကျမ့်ယိလင်ကိုမြင်တာနဲ့ မိုဟွေ့ချင်း ခန္ဓာကိုယ် ခေတ္တကျုံ့သွားမိသည်။
သူမ မသိစိတ်ထဲက ကြောက်ရွံ့လာ၏။ ကျမ့်ယွင်ချန်းနင်းတာကို ခံခဲ့ရသည့်မှတ်ဉာဏ်များ၊ လူရှေ့သူရှေ့မှာ ဝမ်းနွမ်အရှက်ခွဲတာကို ခံခဲ့ရသည့် မှတ်ဉာဏ်များက သူမ စိတ်ထဲတိုးဝင်လာခဲ့သည်
မိုရှစ်ယွင်က သူမအမေ၏ လက်ကို ကိုင်ထားပေးလိုက်ပါသည်။ သူမအမေ၏ စိုးရိမ်ပူပန်မှုများကို ဖြေလျှော့ပေးဖို့ ကြိုးစားလိုက်၏။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။