အခန်း(၂၅၇+၂၅၈)

1.1K 120 1
                                    

အခန်း(၂၅၇) ဒေါ်လေးမိုကို အလုပ်ထုတ်ခြင်း (၂)

ဒေါ်လေးမို ငိုတော့မလိုတောင် ဖြစ်နေသည်။

အမေဖြစ်သူရဲ့အသံကို ကြားလိုက်ရသောအခါ မိုရှစ်ယွင် နှလုံးသား တစ်စစီစုတ်ဖြဲခံလိုက်ရသလိုပင်။

"အမေ ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲ။ စိတ်အေးအေးထားပါဦး။ အဲ့ဒီ လူယုတ်မာကြီး အမေ့ဆီ ထပ်လာပြန်ပြီလား"

"မဟုတ်ဘူး... သူမဟုတ်ပါဘူး... သ...သခင်လေး ယွင်ချန်း... အမေ့ကို အလုပ်ထုတ်လိုက်ပြီ..."

"ဘာပြောတယ်။ အလုပ်ထုတ်လိုက်ပြီဟုတ်လား။ ဘာလို့ အလုပ်ထုတ်တာလဲ"

မိုရှစ်ယွင်ရဲ့ မျက်နှာပေါ် တုန်လှုပ်မှုတွေ အထင်းသား ပေါ်လာ၏။

ကျူးရှားကို တစ်ချက် လှည့်ကြည့်ပြီးနောက် မိုရှစ်ယွင် မတ်တပ်ရပ်ပြီး မုန့်စျေးတန်းထဲက ထွက်သွားတော့သည်။ သူမကို သူမသူငယ်ချင်း စပ်စုတဲ့မျက်လုံးတွနဲ့ ကြည့်နေတာမျိုး မခံချင်ပါ။ မုန့်စျေးတန်းဘေးက ပန်းခင်းနားကို လျှောက်သွားလိုက်ပြီး အမေဖြစ်သူနဲ့ ဖုန်းဆက်ပြောလိုက်သည်။

"အမေ ကျေးဇူးပြုပြီး မငိုပါနဲ့။ သခင်လေး အမေ့ကို ဘာပြောလို့လဲ သမီးကိုပြန်ပြောပြ"

ဒေါ်လေးမိုရဲ့ ငိုသံက မိုရှစ်ယွင်ရဲ့ နှလုံးသားကိုတဆစ်ဆစ်နာကျင်စေသည်။ သူမအမေငိုသံကို သူမ မကြားချင်ပေ။

"သခင်လေးယွင်ချန်းက အိမ်မှာ အိမ်စေ ၂ ယောက် မလိုတော့ဘူးလို့ ပြောတယ်။ သခင်မလေး ယိလင်က အခု ကျမ့်အိမ်တော်ဟောင်းမှာ နေနေတာလေ။ ပြီးတော့ သခင်လေးယွင်ချန်းနဲ့ သခင်လေးယွင်မိုတို့ကလည်း အိမ်မှာ မရှိတဲ့အချိန်ကများတယ်။ အဲ့တာကြောင့် အိမ်မှာ ဂရုစိုက်ပေးဖို့လိုတဲ့ တစ်ယောက်တည်းသောသူက သခင်လေး ယွင်နော်ပဲရှိတယ်။ အဲ့တာကြောင့် ဒေါ်လေးအန်း တစ်ယောက်တည်းနဲ့ လုံလောက်တယ်တဲ့။ အဲ့တာကြောင့် အမေ့ကို သူတို့ မလိုတော့ဘူးတဲ့"

အစကတည်းက ကျမ့်အိမ်တော်မှာ အိမ်စေတစ်ယောက်သာရှိသည်။ ဒေါ်လေးအန်း တစ်ယောက်တည်းဖြစ်ပါသည်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now