အခန်း(၃၄၃+၃၄၄)

1K 125 0
                                    

အခန်း(၃၄၃) လက်ခံဖို့ သိပ်မခက်ပါဘူး

အန်းယန် နောက်တစ်ခေါက် တုန်လှုပ်သွားရပြီးနောက် အမှန်တရားကို တဖြည်းဖြည်းနဲ့လက်ခံလာခဲ့ပါသည်။ ကြည့်ရတာ အနုတ်နှစ်ခုဆုံလျှင် အပေါင်းဖြစ်လာသည့် သဘောဖြစ်မည်။

ကျမ့်ယိလင်ကို ဘော့စ်ဟု ခေါ်ရတာ လက်ခံဖို့ သိပ်မခက်ဘူးဟု ရုတ်တရက် ခံစားမိလာပါသည်။

အန်းယန်က ခပ်မြန်မြန်ပဲ ကျမ့်ယိလင်အတွက် ဘွဲ့နာမည်တစ်ခု ရိုက်နှိပ်လိုက်သည်။

သူ့တောင်းဆိုချက်ကို ကျမ့်ယိလင်ရတော့ လက်ခံမည်ကို နှိပ်လိုက်ပါသည်။ ထို့နောက် အန်းယန်အတွက် ဘွဲ့အမည်ကိုလည်း [J10 ရဲ့ နောက်လိုက်] ဟုမှတ်သားပေးလိုက်ပါသည်။

အန်းယန်လည်း ထိုတောင်းဆိုချက်ကို လက်ခံခဲ့ပါသည်။

အန်းယန်က နောက်လိုက်များ၏ ဘော့စ်ဖြစ်ရတာ အသားကျနေပြီဖြစ်သည်။ သို့သော်လည်း ကျမ့်ယိလင်၏ နောက်လိုက်ဖြစ်ရတာ သိပ်ဆိုးမည့်ပုံ မပေါ်ပါ။

ထိုသို့ပြောင်းလဲပြီးသောအခါ ကျမ့်ယိလင် လိုင်းပေါ်က ဆင်းသွားခဲ့ပါသည်။

သူမလိုင်းဆင်းသွားတာကိုမြင်သောအခါ ပွဲကြည့်သူတွေလည်း စိတ်ပျက်သွားကြပါသည်။ သူတို့ သမိုင်းဝင် J10 ဆီက စကားတွေ ထပ်ကြားချင်သေးသည်။

အန်းယန်က သူ့ဖန်သားပြင်ကို အချိန်အတော်ကြာ စိုက်ကြည့နေခဲ့ပါသည်။

"ညီကိုယန် မင်းအဆင်ပြေရဲ့လား" အန်းယန်၏ နောက်လိုက်များက သူစိတ်မထိန်းနိုင်တော့မှာကို အနည်းငယ်စိုးရိမ်သွားကြပါသည်။

"ဟင်း... ကြည့်ရတာ လက်ခံဖို့တော့ သိပ်မခက်ဘူး ထင်တယ်။ J10 ရဲ့ နောက်လိုက်လုပ်ရတာ ကောင်းမယ်လို့ ငါထင်တယ်" အန်းယန် သူ့နောက်လိုက်တွေကို ပြောလိုက်ပါသည်။

သူတို့တွေ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

ညိကိုယန် တစ်ရက်တည်းနဲ့ ရှော့ခ်တွေအများကြီး ရသွားတာလား။ ကိုယ့်ကိုယ်ကို ဖြေသိမ့်ဖို့ ကြိုးစားနေတာလား။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now