အခန်း(၄၁၃) ဟဲယန်ရဲ့ ပိုင်ဆိုင်မှုတွေ အပေါင်ခံလိုက်ရပြီ (၂)
"နင်ဘာဖြစ်နေတာလဲ! ဖုန်းလည်းမကိုင်ဘူး! တံခါးလည်း ဖွင့်မပေးဘူး!" ဟဲယန် ဒေါသတကြီး သူမသားကို မေးလိုက်ပါသည်။
"ကျွန်တော် ဂိုကစားနေရင် နှောင့်ယှက်ခံရတာ မကြိုက်ဘူး" ကျမ့်ယုပေါ် ပြန်ဖြေလိုက်သည်။
"နင်တော့လား! ငါက နင့်အမေဟဲ့!"
"ဘာလိုချင်လို့လဲ" ကျမ့်ယုပေါ်က အရေးမစိုက်စွာ မေးလိုက်သည်။
သူ့မျက်လုံးတွေက ဂိုဘုတ်ပြားပေါ်မှာပဲ ရှိနေပါသေးသည်။ လက်ညှိုးနဲ့ လက်ခလယ်တို့ကို သုံးကာ ရွှေ့ဖို့ပြင်ထားသည့် အနက်ရောက်ရုပ်တစ်ခုကို ကိုင်လိုက်သည်။
ကျမ့်ယုပေါ်၏ အရေးမစိုက်သော အပြုအမူက ဟဲယန်ကို ပို၍ပင် ဒေါသထွက်သွားစေခဲ့ပါသည်။ သူမ ဘာလုပ်ရမှန်းတောင် မသိတော့ပါ။
"ယုပေါ် ငါ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုယူသွားပြီး ဘာလို့ အရှုံးပေါ်မယ့် ရုပ်ရှင်တစ်ခုမှာ ရင်းနှီးမြှုပ်နှံလိုက်ရတာလဲ မေးချင်နေတာ။ ပြီတော့ ဘာလို့ မိုရှစ်ယွင်ကို ခေါင်းဆောင်မင်းသမီးဖြစ်အောင် လုပ်ပေးလိုက်တာလဲ"
"သူ့မှာ အလားအလာရှိတယ်လို့ အမေပဲထင်ခဲ့တာ မဟုတ်ဘူးလား" ကျမ့်ယုပေါ် ပြန်ဖြေလိုက်သည်။
"နင်... ငါ... ငါဘယ်တုန်းက သူ့မှာအလားအလာရှိတယ်လို့ ပြောဖူးလို့လဲ"
"သူ့ကို အရင်းအနှီးတွေအကုန်ပေးထားတယ်လေ"
"ဒါ...ဒါပေမယ့် အဲ့တာ မတူဘူးလေ!။ သူ့ကို ဆယ်လီတစ်ယောက်ဖြစ်လာအောင် ကူညီပေးဖို့ လုံလောက်တဲ့ အရင်းအနှီးတွေပဲပေးခိုင်းထားတာ! ငါအဲ့လိုပြောတာမဟုတ်..."
"အင်း သူ့မှာအလားအလာမရှိဘူးလို့ထင်ရင် ဘာလို့ ရင်းနှီးမြှုပ်နှံခဲ့တာလဲ" ကျမ့်ယုပေါ် ပြန်ဖြေလိုက်သည်။ ခံစားချက်မဲ့သည့် စက်ရုပ်တစ်ရုပ်လို သူစကားပြောနေပါသည်။
"အဲ့တာ ငါ့ကိစ္စဟဲ့!" ဟဲယန် ပြန်ချေပလိုက်ပါသည်။ သူမ မျက်နှာထားက အလွန်အကျည်းတန်နေကာ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ကျမ့်မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ရအောင်ကူညီပေးမယ်လို့ နင်ငါ့ကို ပြောထားတယ်နော်! ဒီလိုမျိုး ငွေဆုံးရှုံးသွားလို့ မရဘူး! ဒီရုပ်ရှင်ထုတ်လုပ်ရေးကို ရပ်မှဖြစ်မယ်!"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။