အခန်း(၂၆၃) သစ်ခွပန်းပြပွဲ (၄)
"အင်း ကျုပ်လည်း အသက်ကြီးပြီလေဗျာ။ ဘဝမှာ အရာတွေအများကြီးကို မြင်ခဲ့ပြီးပြီ။ ကျွန်တော့်ဘဝမှာ တခြား အရာတွေကို တောင့်တဖို့ ခေါင်းမာနေဖို့ မလိုဘူးဆိုတာ နားလည်သွားလို့ပါ"
ရုတ်တရက်ကြီး အဘိုးကျမ့် တရားပေါက်သွားသလိုပင်။ ထို့အပြင် အဘိုးချမ့်ကိုပါ တရားဟောနေသည်။
အဘိုးချမ့်လည်း အဘိုးကျမ့်ဆီက တစ်ခုခုသင်ယူသင့်သလား စဉ်းစားနေစဉ်မှာပင် ပြခန်းဝန်ထမ်းက သူတို့ဆီ လျှောက်လာခဲ့လေသည်။
အဘိုးကျမ့်ကို ပြုံးပြကာ မေးလိုက်သည်။ "အဘိုးကျမ့် သစ်ခွကို မရောင်းဖို့ ဆုံးဖြတ်ထားတာ သေချာရဲ့လား။ စျေးနှုန်း အရမ်းမြင့်မြင့်ပေးမယ်လို့ ကျွန်တော့်ကိုလာပြောတဲ့သူတွေ တစ်ယောက်မကတော့ဘူး"
"မရောင်းဘူး! သူတို့စျေးဘယ်လောက်ပေးပေးအရေးမကြီးဘူး!"
အဘိုးကျမ့်ရဲ့ သဘောထားက လုံးဝပြတ်သားပါသည်။ သူ့သဘောထားကိုပြောင်းလဲဖို့အတွက် ဝန်ထမ်း ပြောနိုင်တာ ဘာမှမရှိပါ။
ထိုစကားကိုကြားသောအခါ အဘိုးချမ့် မယုံကြည်နိုင်စွာဖြင့် မျက်လုံးများ ပြူးသွားရသည်။ "ဘာဖြစ်တယ်။ ဘာတွေ ဖြစ်နေတာလဲ အဘိုးကြီး။ ဒီသစ်ခွပန်းမျိုးစိတ်သစ်ကို ခင်ဗျားစိုက်ထားတာလား"
အဘိုးကျမ့်က ခေါင်းမော့ရင်ကော့ရင်း မျက်နှာပေါ်မှာလည်း ဝံ့ကြွားမှုများဖြင့် ပြည့်နှက်သွားလေသည်။ "ဟုတ်တယ် ကျုပ်စိုက်ထားတာ။ ဒီလိုသစ်ခွပန်းမျိုး ကမ္ဘာပေါ်မှာ တစ်ခုပဲရှိတယ်။ အဲ့တာ ကျုပ်စိုက်ထားတဲ့ ပန်းပဲ!"
"ခင်ဗျား ဘယ်ကရလာတာလဲ" အဘိုးချမ့် စိတ်ဝင်စားစွာ မေးလိုက်သည်။ သူ့စိတ်ဝင်စားမှုက တော်တော်လေး ပြင်းထန်နေပါပြီ။
"မပြောပြဘူး!"
"ဟာ မမိုက်လိုက်တာဗျာ! ကျုပ်တို့ မိတ်ဆွေဖြစ်လာတာ နှစ်ပေါင်းများစွာတောင်ကြာနေပြီမဟုတ်ဘူးလား။ သစ်ခွပန်းမျိုးစိတ်သစ်ကို ဘယ်ကရတာလဲဆိုတာတောင် ကျွန်တော့်ကို မပြောချင်ဘူးလား"
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။