အခန်း(၂၁၃+၂၁၄)

1.4K 133 4
                                    

အခန်း(၂၁၃) ခင်မင်မှုလေးတစ်ခု (၁)

ဟူကျောင်းကျောင်း ခေါင်းငြိမ့်ရင်း ဆက်ပြီး ရှိုက်ငင်နေပါသေးသည်။

သူမ အတော်လေး ချောက်ချားသွားခဲ့ရ၏။

သိပ်မကြာခင် ရဲကားသံများကြားရသည်။ ထို့နောက် လမ်းကြားထဲကို ရဲတွေခပ်မြန်မြန်ပဲ ရောက်လာ၏။ လောင်ရွှေအန်းက ဟူကျောင်းကျောင်းအတွက် ရဲတွေ ကူခေါ်ပေးခဲ့ခြင်းဖြစ်သည်။

လောင်ရွှေအန်းက ဟူကျောင်းကျောင်းကို ပွေ့ချီလျက် ရဲကားပေါ် တက်လိုက်သည်။

လောင်ရွှန်အန်းက အရပ် ၁.၇ မီတာရှည်သည်။ ခန္ဓာကိုကလည်း အလွန်ကြံ့ခိုင်၏။ ထို့ကြောင် ဟူကျောင်းကျောင်းကို သယရတာ အခက်မတွေ့ပါ။

ဟူကျောင်းကျောင်းကို ပွေ့ချီထားရင်း လောင်ရွှေအန်းက ပြောလိုက်ပါသည်။ "ဝါး... တကယ့် ယိလင်ရဲ့ အတန်းဖော်ပီသပါတယ်။ နှစ်ယောက်စလုံးက အရမ်းပေါ့တာပဲ။ နင်တို့ နှစ်ယောက်ကို ထမ်းပြီး ငါမာရသွန်ပြေးရင်တောင် ပြဿနာရှိမှာ မဟုတ်ဘူး"

အမှန်ပင်။ ခန္ဓာကိုယ်အရွယ်အစားအရ ကျမ့်ယိလင်က ပို၍ပင် သေးငယ်ပါသေးသည်။

ကျမ့်ယိလင်နဲ့ ခြေထောက်လေး လက်ကလေးများနဲ့ဆို ကားပေါ်တက်ဖို့တောင် ခက်ခဲနေခဲ့သည်။

ထို့နောက် လောင်ရွှေအန်းက ဟူကျောင်းကျောင်းကို ခေါ်ကာ ဆေးရုံသွားခဲ့သည်။ ဟူကျောင်းကျောင်းရဲ့ ဒဏ်ရာများက ပြင်းထန်သလား မပြင်းထန်သလား စစ်ဆေးချင်တာကြောင့် ဖြစ်သည်။

လူရမ်းကားတွေကတော့ အကုန်လုံး ဖမ်းဆီးခံလိုက်ရပါသည်။

လောင်ရွှေအန်းဆီက သတင်းကိုကြားတာနဲ့ ကျမ့်ယိလင် ဆေးရုံကို အမြန်ရောက်လာခဲ့သည်။

ဟူကျောင်းကျောင်းရဲ့ ခန္ဓာကိုယ်က ပွန်းရာပဲ့ရာများဖြင့် ပြည့်နှက်နေသည်။ လူရမ်းကားတွေဆီက ရုန်းကန်ရင်းနဲ့ ရခဲ့တာဖြစ်သည်။

ထို့အပြင် မျက်လုံးတွေကလည်း ငိုထားတာကြောင့် နီမြန်းနေသည်။ အခုချိန်ထိ သူမခန္ဓာကိုယ် တုန်ယင်နေဆဲပင်။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now