အခန်း(၃၆၉+၃၇၀)

1.4K 136 2
                                    

အခန်း(၃၆၉) လက်ပတ်ရဲ့ အမှတ်တရများ (၁)

Show ပထမပိုင်းက အတော်လေးကောင်းပါသည်။ မိုရှစ်ယွင်လည်း အလွန်ကောင်းမွန်စွာ တင်ဆက်နိုင်ခဲဲ့သည်။

Show က ဧည့်သည်များ၏ ဉာဏ်ရည်နဲ့ တောထဲမှာ ရှင်သန်နိုင်စွမ်းများကို စမ်းသပ်ခဲ့ပါသည်။

ဒီကဏ္ဍာမှာတော့ မိုရှစ်ယွင်၏ တင်ဆက်မှုက တခြား ဧည့်သည်တွေထက် အများကြီး ပိုသာနေပါသည်။

သူမငယ်စဉ်ကတည်းက အမေဖြစ်သူနဲ့ အတူတူ သင်ယူလေ့လာခဲ့သည့် အခက်အခဲများ၊ နေထိုင်မှု စွမ်းရည်များက ဒီလိုအချိန်မှာ အသုံးဝင်လာခဲ့သည်။

ကစားပွဲမစခင် ပစ္စည်းများရွေးတာကစလို့် တောထဲမှာ သူမ၏ ရှင်သန်ခြင်းစွမ်းရည်များအထိ၊ အချက်အပြုတ်စွမ်ရည်များအထိ၊ ပြင်ဆင်ထားသည့် ပဟေဠိများကို ဖြေရှင်းရသည့်အချိန်အထိ မိုရှစ်ယွင် အားလုံးကို ထူးထူးချွန်ချွန် အောင်ခဲ့ပါသည်။

ထို့ကြောင့် ပရိတ်သတ်များစွာကို ဆွဲဆောင်နိုင်ခဲ့ပြီး သူမ၏ ရေပန်းစားမှုလည်း ပို၍ပင်မြင့်တက်သွားခဲ့ပါသည်။

ဒီတိုင်းသာဆို မကြာခင် မိုရှစ်ယွင် ထိပ်တန်းအဆင့် သရုပ်ဆောင်တစ်ယောက် ဖြစ်လာတော့မည်။ သူမ အနာဂတ်ကောင်းတစ်ခု ပိုင်ဆိုင်ရဖို့ သေချာနေပါပြီ။

--- --- ---

တစ်ဖက်မှာတော့ ကျမ့်ယုမင် အတော်လေး ဒုက္ခရောက်နေပါသည်။

အရမ်းကြီးဆိုးရွားနေတာမဟုတ်သော်လည်း Show မှာထင်ရှားနေသည့် လူတော့မဟုတ်ပေ။ သို့သော် သူ့ရဲ့ တဲ့တိုးဆန်တဲ့စရိုက်နဲ့ ဗိုက်ကြွက်သားများကြောင့် ပရိတ်သတ်များ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြပါသေးသည်။

ပရိတ်သတ်များ၏ တုန့်ပြန်မှုက ကောင်းလွန်းသဖြင့် မန်နေဂျာကတောင် ကျမ့်ယုမင်ကို ချီးကျူးသည်။

သို့သော်လည်း ကျမ့်ယုမင်က မကျေနပ်ပါ။ သူမရှုံးချင်ပါ။ ရှုံးရင် ရှက်ဖို့ကောင်းပါလိမ့်မည်။

ကစားပွဲတစ်ခုကို ကစားပါက လူတိုင်း နိုင်ချင်ပါသည်။ ရှုံးတာ ဘာအဓိပ္ပာယ်ရှိမှာလဲ။

အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)Where stories live. Discover now