အခန်း(၄၁၇) နားငြီးတယ်
ဖန်းကျဲ့က သူ့အဖွဲ့သား၏ အကြံပေးချက်ကို လျစ်လျူရှုလိုက်သည်။ သူတို့ကို ဆက်ပြီး လှောင်ပြောင်လိုက်ပါသည်။ "မနက်ဖြန် ပွဲစဉ်မှာ ဘယ်သူနိုင်မလဲရှုံးမလဲ မသိသေးဘူးလေ။ ဒါပေမယ့် ငါတို့ကျိန်းသေရှုံးမှာလို့ အင်တာနက်က ပြောနေကြတာ။ ဟာကွာ ပိုက်ဆံရှိရတာ ကောင်းလိုက်တာနော်။ အဲ့လိုမျိုးတွေလုပ်ဖို့ ပိုက်ဆံသုံးရတာ တော်တော် အဆင်ပြေမှာပဲ။ ဟုတ်တယ်မလား"
မနေ့က ဖန်းကျဲ့ ယွီရှိနဲ့ စကားများရန်ဖြစ်ခဲ့သည်။ သူတို့စကားများခဲ့စဉ်က အားလုံးရှိနေခဲ့ကြပါသည်။
သူမှားတာကိို ဝန်မခံချင်ပါ။ ထို့ကြောင့် [Domination] အဖွဲ့သားများကို အပြစ်ရှာဖို့ ထပ်ကြိုးစားသည်။
မရှာနိုင်ပါက သူ့အမှားဖြစ်လိမ့်မည်။
ဖန်းကျဲ့၏ စကားလုံးများက [Domination] အဖွဲ့ ငွေသုံးပြီး နာမည်တည်ဆောက်ခဲ့ကြောင်း ဆိုလိုခြင်းဖြစ်သည်။
သို့သော်လည်း ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။ ဖန်းကျဲ့ အချိန်အတော်ကြာ ပွစိပွစိလုပ်ခဲ့၏။ သူနာမည်တွေကိုတော့ ထည့်မပြောခဲ့ပါ။ သို့သော်လည်း သူ [Domination] အဖွဲ့ဝင် ၄ ယောက်ကို ဝေဖန်နေမှန်း တရုတ်စကားနားလည်သူတိုင်း သိပါသည်။
နာရီဝက်လောက်နီးပါး စကားများပြီးနောက် ကျိုက်ယွင်ရှန်း ရုတ်တရက် ထပြောလိုက်သည်။
"နားငြီးလိုက်တာကွာ.... ငါ့ရင်ဘတ်အောင့်လာပြီ"
ထိုစကားကို ဘယ်သူမှ သိပ်ပြီး မတုန့်ပြန်သော်လည်း ချင်းယုဖန်ကတော့ ခေါင်းခါလျက် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပါသည်။ ဖန်းကျဲ့ကို အူမြူးစွာဖြင့် ကြည့်လိုက်သည်။ တစ်ခုခုတော့ ကျိန်းသေပေါက် ဖြစ်ပါတော့မည်။
ကျိုက်ယွင်ရှန်းဒီလို စကားမျိုးပြောတာကို ကျမ့်ယိလင် ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်း ဖြစ်သည်။
ထိုစကားလုံးတွေကို မကြာခဏ မပြောတတ်တာမျိုး မဟုတ်ဘဲ ပြောဖို့ အခွင့်အခိုက် မကြုံတာမျိုးသာ ဖြစ်လိမ့်မည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romantikအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။