အခန်း(၄၄၉) ကျမ့်ယိလင် ပြန်လာပြီ (၁)
နိုင်ငံတကာ လေဆိပ် တွင်..
ယွီရှိတစ်ယောက် အလွန်စိတ်လှုပ်ရှားနေသည်။
ဒီနေ့လည်ခင်း လေယာဉ်ဖြင့် ကျမ့်ယိလင် မြို့တော်ကို ရောက်လာလိမ့်မည်ဟု အဘွားကျမ့် သူ့ကို အသိလှမ်းပေးထားပါသည်။ သူ့ကို ကျမ့်ယိလင်အား သွားကြိုခိုင်းထားသည်။
၃ နှစ်တောင် ရှိသွားခဲ့ပြီ! နောက်ဆုံးတော့ နတ်ဘုရားလေးလင် ပြန်လာပြီပေါ့!။
လွန်ခဲ့သည့် ၃ နှစ်တုန်းက ဆရာရှန်း ရုတ်တရက်ကြီး မြို့တော်ကို ပြန်သွားခဲ့သည်။ ထို့ကြောင့် ဖိုင်နယ်ပွဲကိုတောင် မတက်ရောက်နိုင်ခဲ့ပါ။
နတ်ဘုရားလေးလင်လည်း ပျောက်သွားခဲ့ပါသည်
ထို့ကြောင့် နောက်ဆုံးမှာတော့ ကျမ့်ယိလင်၏ နောက်လိုက်ဖြစ်သူ အန်းယန်နဲ့ သူ့သူငယ်ချင်း တစ်ယောက်တို့ ကိုယ်စား ဝင်ကစားပေးလိုက်ရသည်။
ယွီရှိ အလွန်စိတ်ဆိုးသွားပါသည်။ သို့သော်လည်း ကျိုက်ယွင်ရှန်းနဲ့ကျမ့်ယိလင်တို့ ဖိုင်နယ်ပွဲမှာ လာမကစားတာကို စိတ်ဆိုးခြင်း မဟုတ်ပေ။ ချန်ပီယံဖြစ်ခွင့်ဆုံးရှုံးသွားတာကိုတောင် စိတ်မဆိုးပါ။
သူတို့ ၂ ယောက်၏ လုပ်ရပ်ကြောင့် စိတ်ဆိုးသွားခြင်း ဖြစ်ပါသည်။
သူတို့က တစ်ဖွဲ့တည်းသားချင်းမဟုတ်ဘူးလား။
ဒါတောင် သူ့ကို ဒီတိုင်း ထားပစ်ခဲ့ကြသည်။
သို့သော် ယွီရှိ၏ ဒေါသက ခဏသာ သက်တမ်းရှည်လိုက်ပါသည်။ ထို့နောက် ခပ်မြန်မြန်ပဲ ဒေါသပြယ်သွားခဲ့သည်။
ဂိမ်းက အရေးကြီးသော်လည်း သူ့သူငယ်ချင်းတွေလောက်တော့ အရေးမကြီးပါ။
ဒေါသတွေ လုံးဝပြေသွားပြီးနောက် ယွီရှိလည်း မြို့တော်ကို ပြန်လာပြီး တက္ကသိုလ်မှာ ပညာ ဆက်သင်လိုက်သည်။
ကျိုက်ယွင်ရှန်းက ခပ်ပေါ့ပေါ့ မနေတော့သဖြင့် သူနဲ့အတူ ကျောင်းလိုက်တက်ပြီး တက္ကသိုလ် ပညာရေးကို ဆုံးအောင် သင်ခဲ့ရပါသည်။
YOU ARE READING
အရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)
Romanceအရံဇာတ်ပို့မှ ဇာတ်လိုက်အကျော်အမော်အဖြစ်သို့ (အတွဲ - ၂)။ အခန်း(၂၀၁) မှ စပါသည်။